Google ကနေ လာမယ့် ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းမှာ Google Pixel 8 နဲ့ Pixel 8 Pro ဖုန်းတွေကို မိတ်ဆက်ဖို့ စီစဥ်ထားပါတယ်။ လက်ရှိသတင်းထွက်ထားသလောက်ဆိုရင် Pixel 8 Series ဖုန်းတွေဟာ အောက်တိုဘာလအတွင်းမှာ မိတ်ဆက်သွားမှာဖြစ်ပါတယ်။

အခုလည်း Google Pixel 8 ဖုန်းဟာ Wireless Power Consortium (WPC) မှာ Approval ရရှိခဲ့ပြီး Wireless Charging နဲ့ ပတ်သက်ပြီး သတင်းတစ်ခုကို အတည်ပြုနိုင်ခဲ့ပါတယ်။ အဲ့ဒါကတော့ Model Number GKWS6 တဖြစ်လဲ Google Pixel 8 ဖုန်းဟာ Wireless Charging အနေနဲ့ အမြင့်ဆုံး 12W ကိုပဲ ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။

ဒါ့အပြင် Google ဟာ နောက်ဆုံးထွက်ရှိထားတဲ့ Qi2 Wireless Charging Standard ကိုလည်း ထောက်ပံ့မှာမဟုတ်ဘဲ Qi Wireless Charging Standard Version 1.2.4 ကိုပဲ ထောက်ပံ့မှာဖြစ်ပါတယ်။ ဒါကြောင့် Apple MagSafe လိုမျိုး Magnetic Wireless Charging လည်းပါဝင်မှာမဟုတ်ပါဘူး။

လောလောဆယ်သတင်းထွက်ထားသလောက် Google Pixel 8 ဖုန်းဟာ 6.16″ Full HD+ OLED Display ပါဝင်မှာဖြစ်ပြီး Google Tensor G3 Chipset ကို အသုံးပြုထားမှာဖြစ်ပါတယ်။​ Camera ပိုင်းမှာလည်း Samsung ရဲ့ 50MP ISOCELL GN2 1/1.12-inch Sensor ကို အဓိကအသုံးပြုထားမှာဖြစ်တယ်လို့ သိရပါတယ်။

Ref – Gizmo China