[Zawgyi]

Google က Pixel 4 Series ေတြနဲ႔အတူ Pixelbook Go ကိုလည္း ေၾကညာလိုက္ပါတယ္။ စြမ္းရည္ျမင့္ Chromebook ျဖစ္ၿပီး ၁၃.၃ လက္မ FHD Touchscreen ပါပါတယ္။ 4K ကိုလည္း ေရြးခ်ယ္ႏုိင္ပါတယ္။ 16:9 Aspect Ratio ရွိၿပီး ၁၃ မီလီမီတာသာ ထူတဲ့အတြက္ အရမ္းကို ေပါ့ပါးပါတယ္။ သတၱဳကိုယ္ထည္နဲ႔ တည္ေဆာက္ထားၿပီး ေထာင့္စြန္းေတြက လံုး၀န္းပါတယ္။

Pixelbook Go ရဲ႕ အေျခခံေမာ္ဒယ္မွာ Intel Core m3, 8GB RAM, 64GB Storage ေတြ ပါပါတယ္။ ဒါ့အျပင္ အလန္းစား စြမ္းေဆာင္ရည္ကို လိုခ်င္သူေတြအတြက္  8th Gen Y-Series Core i5 , i7 ေတြနဲ႔ 16GB RAM , 256GB Storage ေတြအထိ ေရြးခ်ယ္ႏုိင္ပါတယ္။ USB-C Port ၂ ခုနဲ႔ Headphone Jack ၁ ခု ထည့္သြင္းထားပါတယ္။ Display ရဲ႕ အထက္မွာ 2MP Webcam တပ္ဆင္ထားၿပီး Face Unlock Authentication ပါပါတယ္။ 1080p Videos ေတြ ဖမ္းယူေပးႏုိင္ပါတယ္။

ဘက္ထရီ သက္တမ္းက ၁၂ နာရီ ျဖစ္ၿပီး လွ်င္ျမန္စြာ အားသြင္းစနစ္က မိနစ္ ၂၀ အတြင္းမွာ ၂ နာရီၾကာ အသံုးခံေအာင္ အားျဖည့္ေပးပါတယ္။ Just Black နဲ႔ Not Pink Colors ေတြ ေရြးခ်ယ္ႏိုင္ပါတယ္။ Titan-C Security Chip နဲ႔ FIDO Authenticator ေတြ ထည့္ေပးထားပါတယ္။

Intel Core m3, 8GB RAM, 64GB Storage ပါတဲ့ တန္ဖိုးအနည္းဆံုး ေမာ္ဒယ္ကို ၆၄၉ ေဒၚလာသတ္မွတ္ထားၿပီး ျမန္မာေငြ ၁၀ သိန္းေလာက္ရွိပါတယ္။ တန္ဖိုးအႀကီးဆံုးေမာ္ဒယ္မွာ Core i7, 16GB RAM နဲ႔ 256GB Storage ထည့္ထားၿပီး ၁၃၉၉ ေဒၚလာ က်သင့္ပါတယ္။ ျမန္မာေငြ ၂၁ သိန္းေလာက္ရွိပါတယ္။

Ref : gsmarena

[Unicode]

Google က စွမ်းရည်မြင့် Pixelbook Go Laptop ကို ကြေညာ

Google က Pixel 4 Series တွေနဲ့အတူ Pixelbook Go ကိုလည်း ကြေညာလိုက်ပါတယ်။ စွမ်းရည်မြင့် Chromebook ဖြစ်ပြီး ၁၃.၃ လက်မ FHD Touchscreen ပါပါတယ်။ 4K ကိုလည်း ရွေးချယ်နိုင်ပါတယ်။ 16:9 Aspect Ratio ရှိပြီး ၁၃ မီလီမီတာသာ ထူတဲ့အတွက် အရမ်းကို ပေါ့ပါးပါတယ်။ သတ္တုကိုယ်ထည်နဲ့ တည်ဆောက်ထားပြီး ထောင့်စွန်းတွေက လုံးဝန်းပါတယ်။

Pixelbook Go ရဲ့ အခြေခံမော်ဒယ်မှာ Intel Core m3, 8GB RAM, 64GB Storage တွေ ပါပါတယ်။ ဒါ့အပြင် အလန်းစား စွမ်းဆောင်ရည်ကို လိုချင်သူတွေအတွက် 8th Gen Y-Series Core i5 , i7 တွေနဲ့ 16GB RAM , 256GB Storage တွေအထိ ရွေးချယ်နိုင်ပါတယ်။ USB-C Port ၂ ခုနဲ့ Headphone Jack ၁ ခု ထည့်သွင်းထားပါတယ်။ Display ရဲ့ အထက်မှာ 2MP Webcam တပ်ဆင်ထားပြီး Face Unlock Authentication ပါပါတယ်။ 1080p Videos တွေ ဖမ်းယူပေးနိုင်ပါတယ်။

ဘက်ထရီ သက်တမ်းက ၁၂ နာရီ ဖြစ်ပြီး လျှင်မြန်စွာ အားသွင်းစနစ်က မိနစ် ၂၀ အတွင်းမှာ ၂ နာရီကြာ အသုံးခံအောင် အားဖြည့်ပေးပါတယ်။ Just Black နဲ့ Not Pink Colors တွေ ရွေးချယ်နိုင်ပါတယ်။ Titan-C Security Chip နဲ့ FIDO Authenticator တွေ ထည့်ပေးထားပါတယ်။

Intel Core m3, 8GB RAM, 64GB Storage ပါတဲ့ တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၆၄၉ ဒေါ်လာသတ်မှတ်ထားပြီး မြန်မာငွေ ၁၀ သိန်းလောက်ရှိပါတယ်။ တန်ဖိုးအကြီးဆုံးမော်ဒယ်မှာ Core i7, 16GB RAM နဲ့ 256GB Storage ထည့်ထားပြီး ၁၃၉၉ ဒေါ်လာ ကျသင့်ပါတယ်။ မြန်မာငွေ ၂၁ သိန်းလောက်ရှိပါတယ်။

Ref : gsmarena