Foldable Phone တွေဟာ ၂၀၂၁ ခုနှစ်အတွင်းမှာ အမြောက်အများမိတ်ဆက်လာတော့မှာဖြစ်ပါတယ်။ အရင်ဆုံးအနေနဲ့ Samsung ကနေ လာမယ့် သြဂုတ်လအတွင်းမှာ Galaxy Z Fold 3 နဲ့ Z Flip 3 ဖုန်းတွေကို မိတ်ဆက်သွားမှာဖြစ်ပါတယ်။

အဲ့ဒီနောက်မှာလည်း Xiaomi ၊ Honor ၊ OPPO ၊ Vivo လိုမျိုး ကုမ္ပဏီတွေကလည်း အခုနှစ်မကုန်ခင်မှာ Foldable ဖုန်းတွေကို ဆက်တိုက်မိတ်ဆက်ဖို့ရှိနေပါတယ်။ များသောအားဖြင့် အဆိုပါ ကုမ္ပဏီတွေဟာ Foldable Phone နဲ့ ပတ်သက်ပြီး အနည်းဆုံး Prototype အဆင့်ထုတ်လုပ်ခဲ့ဖူးတယ်လို့လည်း ပြောနိုင်ပါတယ်။

အဆိုပါ ကုမ္ပဏီတွေနဲ့အတူ Google ကလည်း ယခုနှစ်ကုန်ပိုင်းမှာ Google Pixel Foldable Phone အသစ်ကို မိတ်ဆက်ဖို့စီစဥ်နေတယ်လို့ သိရပါတယ်။ တခြားအသေးစိတ်သတင်းအချက်တွေကိုတော့ မသိရှိရသေးပေမယ့် အခုနောက်ဆုံး Display နဲ့သက်ဆိုင်တဲ့သတင်းတစ်ခုက ပေါက်ကြားလာခဲ့ပါပြီ။

ဒါကတော့ Google Pixel Foldable Phone ဟာ Display အနေနဲ့ 120Hz Refresh Rate ကို Support ပေးလာမှာပဲဖြစ်ပါတယ်။ Display ကို ထောက်ပံ့ပေးတာကတော့ Samsung ပဲဖြစ်ပြီး မကြာခင်မိတ်ဆက်တော့မယ့် Galaxy Z Fold 3 ဖုန်းရဲ့ Display နဲ့ နည်းပညာအတူတူအသုံးပြုလာနိုင်ပါတယ်။ Samsung ဟာ အဆိုပါ Galaxy Z Fold 3 ဖုန်းမှာ S Pen ကိုပါ Support ပေးနိုင်တဲ့ Ultra-Thin Glass 2.0 (UTG 2.0) ကို အသုံးပြုလာမှာလည်းဖြစ်ပါတယ်။

Google Pixel Foldable Phone ဟာ ဖြန့်လိုက်တဲ့အချိန်မှာ Primary Display Size အနေနဲ့ 7.57″ အထိရှိမှာဖြစ်တဲ့အတွက် Galaxy Z Fold 3 ထက် ဖြန့်လိုက်တဲ့အချိန်မှာ အနည်းငယ်ပိုကြီးတယ်လို့ ပြောနိုင်ပါတယ်။ ဒါပေမယ့်လည်း Google Pixel Foldable Phone နဲ့ ပတ်သက်ပြီးတခြားသတင်းတွေကိုတော့ အခုထိသိရှိရခြင်းမရှိသေးပါဘူး။

Ref – 9to5Google