Zawgyi

Google ကေန လာမယ့္ေအာက္တိုဘာလဆိုရင္ Pixel 4 စမတ္ဖုန္းေတြကို မိတ္ဆက္လာေတာ့မွာပါ။ ဒါေပမယ့္ လက္ရွိေပါက္ၾကားလာတဲ့ မႈပိုင္ခြင့္တစ္ခုအရ Pixel 4 အျပင္ Pixel Smartwatch ကိုပါ မိတ္ဆက္လာႏိုင္တဲ့ပုံစံပါပဲ။

Google Pixel Watch ျဖစ္လာႏိုင္တဲ့ Smartwatch တစ္ခုရဲ႕ မႈပိုင္ခြင့္က လြန္ခဲ့တဲ့ ၂၀၁၇ ခုႏွစ္ ဇူလိုင္လထဲက တင္ထားခဲ့တာျဖစ္ၿပီးေတာ့ LetsGoDigital ကေန ေတြ႕ရွိခဲ့တာလည္း ျဖစ္ပါတယ္။ အခု မႈပိုင္ခြင့္က နာမည္အေနနဲ႔ “Camera Watch” ဆိုၿပီး နာမည္ေပးထားတာလည္းျဖစ္ပါတယ္။

မႈပိုင္ခြင့္အရေတာ့ Google ကေန Circular Design နဲ႔ Smartwatch တစ္ခုကို ထုတ္လုပ္ဖို႔ စိတ္ကူးေနပုံရၿပီး Display ရဲ႕ အလယ္တည့္တည့္မွာ Camera တစ္ခုကို ထည့္သြင္းေပးထားတာျဖစ္ပါတယ္။ အရင္တုန္းက ZTE ကေန Nubia Alpha Smartwatch မွာ Camera ထည့္သြင္းခဲ့ဖူးေပမယ့္ တကယ္တမ္းမွာေတာ့ အသုံးမဝင္တဲ့ Feature တစ္ခုအေနနဲ႔ပဲျဖစ္ေနခဲ့တာပါ။

ဘာပဲျဖစ္ျဖစ္ အခုလိုမ်ိဳး Smartwatch မွာ Camera ပါဝင္တာက Selfie ႐ိုက္တဲ့အခ်ိန္နဲ႔ Video Call ေျပာတဲ့အခ်ိန္မ်ိဳးေတြမွာေတာ့ ပိုၿပီး အဆင္ေျပလာတယ္လို႔ ေျပာရမွာပါ။ ဒါေပမယ့္လည္း အခု မႈပိုင္ခြင့္ရယူထားတဲ့အခ်ိန္က ၾကာၿပီျဖစ္တဲ့အတြက္ Google အေနနဲ႔ စိတ္ကူးေျပာင္းသြားတာမ်ိဳးလည္းျဖစ္ႏိုင္ပါေသးတယ္။

Google ဟာ မႏွစ္တုန္းက Pixel Watch ကို မိတ္ဆက္မယ္ဆိုၿပီး သတင္းေတြထြက္ခဲ့ေသးေပမယ့္ ေနာက္ပိုင္းမွာ အဆင့္သင့္မျဖစ္ေသးဘူးဆိုၿပီး ျပန္လည္႐ုပ္သိမ္းသြားခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ အခုအခ်ိန္မွာ Smartwatch Maker တစ္ဦးျဖစ္တဲ့ Fossil ဆီကေန Smartwatch နည္းပညာေတြကို ဝယ္ယူထားၿပီးျဖစ္တဲ့အတြက္ ဒီႏွစ္မွာေတာ့ Pixel Smartwatch ကို Pixel 4 ဖုန္းေတြနဲ႔အတူ ျမင္ရဖို႔မ်ားေနပါတယ္။

Ref – The Verge

Unicode

Google ကနေ လာမယ့်အောက်တိုဘာလဆိုရင် Pixel 4 စမတ်ဖုန်းတွေကို မိတ်ဆက်လာတော့မှာပါ။ ဒါပေမယ့် လက်ရှိပေါက်ကြားလာတဲ့ မှုပိုင်ခွင့်တစ်ခုအရ Google ကနေ Pixel 4 အပြင် Pixel Smartwatch ကိုပါ မိတ်ဆက်လာနိုင်တဲ့ပုံစံပါပဲ။

အခု Google Pixel Watch ဖြစ်လာနိုင်တဲ့ Smartwatch တစ်ခုရဲ့ မှုပိုင်ခွင့်က လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ် ဇူလိုင်လထဲက တင်ထားခဲ့တာဖြစ်ပြီးတော့ LetsGoDigital ကနေ တွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။ အခု မှုပိုင်ခွင့်က နာမည်အနေနဲ့ “Camera Watch” ဆိုပြီး နာမည်ပေးထားတာလည်းဖြစ်ပါတယ်။

အခု မှုပိုင်ခွင့်အရတော့ Google ကနေ Circular Design နဲ့ Smartwatch တစ်ခုကို ထုတ်လုပ်ဖို့ စိတ်ကူးနေပုံရပြီး Display ရဲ့ အလယ်တည့်တည့်မှာ Camera တစ်ခုကို ထည့်သွင်းပေးထားတာဖြစ်ပါတယ်။ အရင်တုန်းက ZTE ကနေ Nubia Alpha Smartwatch မှာ Camera ထည့်သွင်းခဲ့ဖူးပေမယ့် တကယ်တမ်းမှာတော့ အသုံးမဝင်တဲ့ Feature တစ်ခုအနေနဲ့ပဲဖြစ်နေခဲ့တာပါ။

ဘာပဲဖြစ်ဖြစ် အခုလိုမျိုး Smartwatch မှာ Camera ပါဝင်တာက Selfie ရိုက်တဲ့အချိန်နဲ့ Video Call ပြောတဲ့အချိန်မျိုးတွေမှာတော့ ပိုပြီး အဆင်ပြေလာတယ်လို့ ပြောရမှာပါ။ ဒါပေမယ့်လည်း အခု မှုပိုင်ခွင့်ရယူထားတဲ့အချိန်က ကြာပြီဖြစ်တဲ့အတွက် Google အနေနဲ့ စိတ်ကူးပြောင်းသွားတာမျိုးလည်းဖြစ်နိုင်ပါသေးတယ်။

Google ဟာ မနှစ်တုန်းက Pixel Watch ကို မိတ်ဆက်မယ်ဆိုပြီး သတင်းတွေထွက်ခဲ့သေးပေမယ့် နောက်ပိုင်းမှာ အဆင့်သင့်မဖြစ်သေးဘူးဆိုပြီး ပြန်လည်ရုပ်သိမ်းသွားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာ Smartwatch Maker တစ်ဦးဖြစ်တဲ့ Fossil ဆီကနေ Smartwatch နည်းပညာတွေကို ဝယ်ယူထားပြီးဖြစ်တဲ့အတွက် ဒီနှစ်မှာတော့ Pixel Smartwatch ကို Pixel 4 ဖုန်းတွေနဲ့အတူ မြင်ရဖို့များနေပါတယ်။

Ref – The Verge