ဒီနှစ်မှာ ပြုလုပ်ခဲ့တဲ့ Google I/O Conference မှာ ကုမ္ပဏီက စမတ်နာရီ ၁ လုံးကို ဖန်တီးနေပြီး လာမယ့် လအနည်းငယ်အတွင်း ဖြန့်ချိမယ်လို့ တရားဝင် အတည်ပြုခဲ့ပါတယ်။ ဒါပေမယ့် Google က အဲဒီ စမတ်နာရီနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို မျှဝေခဲ့ခြင်း မရှိပါဘူး။

New Pixel Watch Discount Sale, UP TO 70% OFF | www.editorialelpirata.com

အခုတော့ 9to5Google ရဲ့ သတင်းအရင်းအမြစ်တွေက အဲဒီ စမတ်နာရီမှာ Exynos 9110 SoC မောင်းနှင်ထားမယ်လို့ပြောပါတယ်။ အဲဒီ Chip ဟာ ၂၀၁၈ ခုနှစ်ထုတ် ဖြစ်ပြီး Cortex-A53 Cores ၂ လုံးပါကာ 10nm Manufacturing Process နဲ့ တည်ဆောက်ထားတာပါ။ Galaxy Watch4 Series မှာတော့ Exynos W920 Platform ကို ထည့်သွင်းထားတာ ဖြစ်ပြီး ပိုမို စွမ်းရည်မြင့်မားတဲ့ Cortex-A55 Cores နဲ့ ပိုကောင်းတဲ့ 5nm Node ကို အသုံးပြုထားတာပါ။

Google Pixel Watch: Release Date, Price, Specs & More

Google ဟာ ၂၀၂၂ ခုနှစ်ထုတ် စမတ်နာရီမှာ ဟာ့ဒ်ဝဲ အဟောင်းကို ဘာလို့ ထည့်သွင်းထားသလဲဆိုတာ စဉ်းစားစရာပါ။ သတင်းအရင်းအမြစ်တွေအရ Google ဟာ Pixel Watch ကို ဖန်တီးနေတာ နှစ်အနည်းငယ်ကြာနေပြီ ဖြစ်ပြီး Chip အဟောင်းကို အခြေခံကာ ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ Chip အသစ်ကို အသုံးပြုမယ်ဆိုရင် စမတ်နာရီ ရောင်းချဖို့ အချိန်ကြာသွားမှာပါ။

Samsung ဟာ W920 SoC ကို Third Party တွေကို အခုထက်ထိ မရောင်းသေးပါဘူး။ Google က အဲဒီ Chip ကို စမတ်နာရီမှာ ထည့်သွင်း အသုံးပြုနိုင်ခြေရှိလာမလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

Ref : gsmarena