Google က အောက်တိုဘာလ ၆ ရက်နေ့မှာ Pixel Watch လို့ခေါ်တဲ့ ကုမ္ပဏီရဲ့ ပထမဆုံး စမတ်နာရီကို ကြေညာမှာပါ။ အခုတော့ မိတ်ဆက်ပွဲ မတိုင်ခင်မှာ စမတ်နာရီရဲ့ ဓါတ်ပုံနဲ့ အဓိကလုပ်ဆောင်ချက်တွေ ပေါက်ကြားလာပါတယ်။

google-pixel-watch-marketing-material

အနက်၊ ငွေနဲ့ ရွှေရောင်တွေ ထုတ်လုပ်ထားမှာ ဖြစ်ပြီး လက်ပတ်ကြိုးအနေနဲ့  Lemongrass, Olive, Red, Grey, Beige / Brown နဲ့ Green စတဲ့ အရောင်တွေ ရွေးချယ်နိုင်မှာပါ။ ဓါတ်ပုံတွေမှာ လုံးဝန်းတဲ့ Dial နဲ့ Crown ကို မြင်ရပါတယ်။

ရေအနက် မီတာ ၅၀ အထိ ဝတ်ဆင်နိုင်မှာ ဖြစ်ပြီး ခြစ်ရာခံနိုင်တဲ့ Gorilla Glass နဲ့ ကာကွယ်ထားမှာပါ။ အိပ်စက်မှု၊ နှလုံးခုန်နှုန်း တိုင်းတာပေးတဲ့ ကျန်းမာရေး လုပ်ဆောင်ချက်တွေ ပါလာမှာ ဖြစ်ပြီး Emergency Mode, Quick Pairing with Pixel Buds နဲ့ ၆ လကြာ Fitbit Premium Subscription တွေ ရမှာပါ။ တခြား လုပ်ဆောင်ချက်တွေအနေနဲ့ Maps for Wear OS, Google Assistant , Google Wallet , Help by Google နဲ့ Health by Fitbit တို့ ထည့်သွင်းထားမှာပါ။

PIxel watch retail box contents

Google က ဆောင်းရာသီမှာ Pixel Watch အတွက် သတ္တု လက်ပတ်ကြိုးတွေကို ရောင်းချမှာ ဖြစ်ပြီး Google News Telegram Channel က မျှဝေထားတဲ့ ဓါတ်ပုံအရ ဘူးထဲမှာ စမတ်နာရီ၊ Sports Band ၊ USB-C Magnetic Charging Cable နဲ့ Quick Start Guide တွေ ပါတာတွေ့ရပါတယ်။

Pixel Watch မှာ Gmail နဲ့ Google Calendar တို့ ထောက်ပံ့ထားမှာ ဖြစ်ပြီး စမတ်နာရီရဲ့ ဘက်ထရီ သက်တမ်းဟာ တစ်ရက်လုံး အသုံးခံမှာပါ။ WiFi/ Bluetooth Edition ကို ၃၄၉ ဒေါ်လာနဲ့ LTE Edition ကို ၃၉၉ ဒေါ်လာ သတ်မှတ်ထားမယ်လို့ သတင်းထွက်နေပါတယ်။

Ref : gizmochina