Google Pixel Watch ရဲ့ သတင်းတွေ မကြာခဏ ပေါက်ကြားနေပြီး မေလမှာ ကျင်းပမယ့် Google I/O မှာ အဲဒီ စမတ်နာရီကို ကြေညာနိုင်ပါတယ်။ စားသောက်ဆိုင်မှာ မတော်တဆ မေ့ကျန်ခဲ့တဲ့ နမူနာမော်ဒယ်ကိုလည်း မြင်တွေ့ခဲ့ကြပြီးပါပြီ။

Google Pixel Watch's battery size leaks

Google Pixel Watch ကို Bluetooth SIG မှာ ဗားရှင်း ၃ မျိုး မှတ်ပုံတင်ထားပြီး အခုတော့ ဘက်ထရီ ပမာဏကို သိလာရပါပြီ။ 300mAh ဘက်ထရီ ထည့်သွင်းထားမယ်လို့ သိရပြီး နှိုင်းယှဉ်ရရင် Galaxy Watch4 မှာ အရွယ်အစား ပိုမို သေးငယ်တဲ့ 247mAh ဘက်ထရီပဲ ထည့်သွင်းထားတာ ဖြစ်ပါတယ်။

Google Pixel Watch's purported price and availability details leaked - Gizmochina

စားသောက်ဆိုင်မှာ မေ့ကျန်ခဲ့တဲ့ Pixel Watch ဟာ ၄၀ မီလီမီတာ အရွယ်အစား ဖြစ်ပြီး တခြား အရွယ်အစားတွေလည်း ထွက်လာနိုင်ပါတယ်။ Samsung အပါအဝင် တခြား စမတ်နာရီတွေမှာ အရွယ်အစား ၂ မျိုး ထုတ်လုပ်ပေးထားလေ့ရှိကြပါတယ်။

Google Pixel Watch ရဲ့ ဘက်ထရီ အရွယ်အစားဟာ စမတ်နာရီတွေထဲမှာ မသေးဘူးလို့ ပြောနိုင်ပါတယ်။ ဘက်ထရီ အရွယ်အစားကြီးမားတဲ့အတွက် စမတ်နာရီရဲ့ အထူဟာလည်း ၁၄ မီလီမီတာလောက် ရှိပါတယ်။

Google Pixel Watch မှာ ဆယ်လ်လူလာ ဆက်သွယ်မှု ပါလာမှာ ဖြစ်ပြီး အဲဒါဟာ မတူညီတဲ့ မော်ဒယ် ၃ ခုထဲက ၁ ခု ဖြစ်နိုင်ကာ တန်ဖိုးအကြီးဆုံး မော်ဒယ်လို့ ထင်ရပါတယ်။

Ref : gsmarena