[Unicode]

Pixelbook Go ကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ ကြေညာခဲ့ပြီး အမေရိကန်နဲ့ ကနေဒါမှာ ရောင်းပေးထားပါတယ်။ အခုတော့ အဲဒီ Chrome OS Laptop ကို ဗြိတိန်မှာ ဝယ်ယူနိုင်ပြီဖြစ်ပါတယ်။ နာမည်မှာ Go ပါပေမယ့် စွမ်းရည်မြင့် မော်ဒယ် ဖြစ်ပါတယ်။ ၁၃.၃ လက်မ ထိတွေ့မျက်နှာပြင် ထည့်သွင်းပြီး 1080p ဒါမှမဟုတ် 4K Resolution တွေ ရွေးချယ်နိုင်ပါတယ်။ ကိုယ်ထည်ကို မဂ္ဂနီစီယမ်နဲ့ တည်ဆောက်ထားပြီး Laptop ၁ လုံးလုံးဟာ ၁ ကီလိုဂရမ်ပဲ အလေးချိန်ရှိပါတယ်။ Google က ဘက်ထရီ သက်တမ်းဟာ ၁၂ နာရီခံတယ်လို့ ပြောထားပါတယ်။

အခြေခံမော်ဒယ်မှာ Intel Core m3 Processor , 8GB RAM နဲ့ 64GB Storage ထည့်သွင်းထားပြီး ၆၃၀ စတာလင်ပေါင် သတ်မှတ်ထားပါတယ်။ မြန်မာငွေနဲ့ဆိုရင် ၁၂ သိန်းလောက်ရှိပါတယ်။ 4K Molecular မျက်နှာပြင်ကို စွမ်းရည်မြင့် မော်ဒယ်မှာပဲ ထည့်သွင်းထားတာဖြစ်ပြီး အဲဒီမော်ဒယ်မှာ Intel Core i7 , 16GB RAM နဲ့ 256GB Storage တွေ ပါပါတယ်။ ၁,၃၃၀ စတာလင်ပေါင် သတ်မှတ်ထားပြီး မြန်မာငွေ ၂၅ သိန်းလောက်ကျသင့်မှာပါ။

စွမ်းရည်သင့် မော်ဒယ်ကို ၁,၀၀၀ စတာလင်ပေါင်အောက် သတ်မှတ်ထားပြီး Core i5 နဲ့ 128GB Storage ပါပါတယ်။ 8GB ဒါမှမဟုတ် 16GB RAM တွေ ရွေးချယ်နိုင်ပါတယ်။ Google Store နဲ့ ဗြိတိန်က စတိုးတွေမှာ ဝယ်ယူနိုင်ပြီး CPU အားလုံးဟာ 8th Gen Intels တွေ ဖြစ်ပါတယ်။ Pixelbook Go မှာ USB-C Port ၂ ခုပါပြီး Memory Card Slot တော့ မပါပါဘူး။ USB Port ၂ ခုစလုံးမှာ လျှင်မြန်တဲ့ အားသွင်းနည်းပညာ ပါပြီး ၃၀ မိနစ်အတွင်းမှာ ၀ ကနေ ၃၅ ရာခိုင်နှုန်းအထိ အားသွင်းပေးပါတယ်။

Ref : gsmarena

[Zawgyi]

Google Pixelbook Go ကို ၿဗိတိန္မွာ ေရာင္းၿပီ

Pixelbook Go ကို ၿပီးခဲ့တဲ့ႏွစ္ ေအာက္တိုဘာလမွာ ေၾကညာခဲ့ၿပီး အေမရိကန္နဲ႔ ကေနဒါမွာ ေရာင္းေပးထားပါတယ္။ အခုေတာ့ အဲဒီ Chrome OS Laptop ကို ၿဗိတိန္မွာ ဝယ္ယူႏိုင္ၿပီျဖစ္ပါတယ္။ နာမည္မွာ Go ပါေပမယ့္ စြမ္းရည္ျမင့္ ေမာ္ဒယ္ ျဖစ္ပါတယ္။ ၁၃.၃ လက္မ ထိေတြ႕မ်က္ႏွာျပင္ ထည့္သြင္းၿပီး 1080p ဒါမွမဟုတ္ 4K Resolution ေတြ ေ႐ြးခ်ယ္ႏိုင္ပါတယ္။ ကိုယ္ထည္ကို မဂၢနီစီယမ္နဲ႔ တည္ေဆာက္ထားၿပီး Laptop ၁ လုံးလုံးဟာ ၁ ကီလိုဂရမ္ပဲ အေလးခ်ိန္ရွိပါတယ္။ Google က ဘက္ထရီ သက္တမ္းဟာ ၁၂ နာရီခံတယ္လို႔ ေျပာထားပါတယ္။

အေျခခံေမာ္ဒယ္မွာ Intel Core m3 Processor , 8GB RAM နဲ႔ 64GB Storage ထည့္သြင္းထားၿပီး ၆၃၀ စတာလင္ေပါင္ သတ္မွတ္ထားပါတယ္။ ျမန္မာေငြနဲ႔ဆိုရင္ ၁၂ သိန္းေလာက္ရွိပါတယ္။ 4K Molecular မ်က္ႏွာျပင္ကို စြမ္းရည္ျမင့္ ေမာ္ဒယ္မွာပဲ ထည့္သြင္းထားတာျဖစ္ၿပီး အဲဒီေမာ္ဒယ္မွာ Intel Core i7 , 16GB RAM နဲ႔ 256GB Storage ေတြ ပါပါတယ္။ ၁,၃၃၀ စတာလင္ေပါင္ သတ္မွတ္ထားၿပီး ျမန္မာေငြ ၂၅ သိန္းေလာက္က်သင့္မွာပါ။

စြမ္းရည္သင့္ ေမာ္ဒယ္ကို ၁,၀၀၀ စတာလင္ေပါင္ေအာက္ သတ္မွတ္ထားၿပီး Core i5 နဲ႔ 128GB Storage ပါပါတယ္။ 8GB ဒါမွမဟုတ္ 16GB RAM ေတြ ေ႐ြးခ်ယ္ႏိုင္ပါတယ္။ Google Store နဲ႔ ၿဗိတိန္က စတိုးေတြမွာ ဝယ္ယူႏိုင္ၿပီး CPU အားလုံးဟာ 8th Gen Intels ေတြ ျဖစ္ပါတယ္။ Pixelbook Go မွာ USB-C Port ၂ ခုပါၿပီး Memory Card Slot ေတာ့ မပါပါဘူး။ USB Port ၂ ခုစလုံးမွာ လွ်င္ျမန္တဲ့ အားသြင္းနည္းပညာ ပါၿပီး ၃၀ မိနစ္အတြင္းမွာ ၀ ကေန ၃၅ ရာခိုင္ႏႈန္းအထိ အားသြင္းေပးပါတယ္။

Ref : gsmarena