[Zawgyi]

Google ဟာ မၾကာခင္ ရက္သတၱပတ္ေတြအတြင္း သူ႔ရဲ႕ Duo video calling app ကို Web client အျဖစ္ စတင္ဝန္ေဆာင္ေပးေတာ့မယ္လို႔ သိရပါတယ္။ ဒီလိုလုပ္ေဆာင္ျခင္းအားျဖင့္ ဝန္ေဆာင္မႈကလည္း ပိုၿပီးႀကီးထြားလာမွာျဖစ္သလို၊ ပိုမ်ားျပားတဲ့ Devices ေတြေပၚကိုလည္း ေရာက္ရွိသြားမွာ ျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ Google Duo ဟာ Google Play Store ဒါမွမဟုတ္ iOS App Store ေတြမွာ App တစ္ခုအေနနဲ႔ပဲ ရရွိေသးတာပါ။ စမတ္ဖုန္းေတြအတြက္ ေထာက္ပံ့မႈျပဳလုပ္ေပးထားတဲ့ ဒီဝန္ေဆာင္မႈကို Google က ပိုၿပီးေတာ့ က်ယ္ျပန႔္သြားေအာင္ ႀကံေဆာင္ေနတာ ျဖစ္ပါတယ္။

၂၀၁၈ ခုႏွစ္ ကုန္ဆုံးကာနီးအခ်ိန္ေလာက္ကစၿပီး Google ဟာ Message နဲ႔ ပတ္သက္တဲ့ ဝန္ေဆာင္မႈေတြကို အေျပာင္းအလဲလုပ္ေနတာကို ေတြ႕ျမင္ရပါတယ္။ လူႀကိဳက္နည္းၿပီး မေအာင္ျမင္တဲ့ ဝန္ေဆာင္မႈေတြကို ႐ုပ္သိမ္းခဲ့ပါတယ္။ ၿပီးခဲ့တဲ့ရက္ပိုင္းကလည္း VoIP (voice-over-IP) calling ေတြကို ထုတ္လႊတ္ခဲ့ပါေသးတယ္။

အခုေနာက္ပိုင္း ျပင္ဆင္မႈမွာ Google ဟာ Message ေတြကို ကြန္ပ်ဴတာမွာလည္း စစ္ေဆးႏိုင္ေအာင္ ဝန္ေဆာင္ေပးခဲ့ပါတယ္။ ၿပီးခဲ့တဲ့ Google ရဲ႕ Web version တစ္ခုျဖစ္တဲ့ Allo အတိုင္း ျဖစ္မယ္လို႔ ဆိုရမွာပါ။ Google Duo ဟာ Google ရဲ႕ ကိုယ္ပိုင္ Browser ျဖစ္တဲ့ Chrome အပါအဝင္ အျခားအဓိက Browser ေတြျဖစ္တဲ့ Mozilla Firefox, Apple ရဲ႕ Safari စတာေတြမွာေတာ့ Incoming call အတြက္ Notifications ေထာက္ပံ့ေပးမယ္လို႔ ယူဆရပါတယ္။

လက္ရွိအခ်ိန္အထိ ရွင္းရွင္းလင္းလင္းမသိရေသးတာက Web မွာအသုံးျပဳရခ်ိန္မွာ Function ပိုင္းက ဘယ္ေလာက္ထိ စုံလင္မလဲဆိုတာပါ။ ၿပီးခဲ့တဲ့ တစ္လေလာက္က စမ္းသပ္ခဲ့တဲ့ Group calling လို Feature ေတြလည္း ပါလာႏိုင္တယ္လို႔ေတာ့ ေမွ်ာ္လင့္ရပါတယ္။

Ref: 9To5Mac

[Unicode]

Web Client ဝန်ဆောင်မှုပေးတော့မယ့် Google Duo

Google ဟာ မကြာခင် ရက်သတ္တပတ်တွေအတွင်း သူ့ရဲ့ Duo video calling app ကို Web client အဖြစ် စတင်ဝန်ဆောင်ပေးတော့မယ်လို့ သိရပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းအားဖြင့် ဝန်ဆောင်မှုကလည်း ပိုပြီးကြီးထွားလာမှာဖြစ်သလို၊ ပိုများပြားတဲ့ Devices တွေပေါ်ကိုလည်း ရောက်ရှိသွားမှာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ Google Duo ဟာ Google Play Store ဒါမှမဟုတ် iOS App Store တွေမှာ App တစ်ခုအနေနဲ့ပဲ ရရှိသေးတာပါ။ စမတ်ဖုန်းတွေအတွက် ထောက်ပံ့မှုပြုလုပ်ပေးထားတဲ့ ဒီဝန်ဆောင်မှုကို Google က ပိုပြီးတော့ ကျယ်ပြန့်သွားအောင် ကြံဆောင်နေတာ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ် ကုန်ဆုံးကာနီးအချိန်လောက်ကစပြီး Google ဟာ Message နဲ့ ပတ်သက်တဲ့ ဝန်ဆောင်မှုတွေကို အပြောင်းအလဲလုပ်နေတာကို တွေ့မြင်ရပါတယ်။ လူကြိုက်နည်းပြီး မအောင်မြင်တဲ့ ဝန်ဆောင်မှုတွေကို ရုပ်သိမ်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း VoIP (voice-over-IP) calling တွေကို ထုတ်လွှတ်ခဲ့ပါသေးတယ်။

အခုနောက်ပိုင်း ပြင်ဆင်မှုမှာ Google ဟာ Message တွေကို ကွန်ပျူတာမှာလည်း စစ်ဆေးနိုင်အောင် ဝန်ဆောင်ပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ Google ရဲ့ Web version တစ်ခုဖြစ်တဲ့ Allo အတိုင်း ဖြစ်မယ်လို့ ဆိုရမှာပါ။ Google Duo ဟာ Google ရဲ့ ကိုယ်ပိုင် Browser ဖြစ်တဲ့ Chrome အပါအဝင် အခြားအဓိက Browser တွေဖြစ်တဲ့ Mozilla Firefox, Apple ရဲ့ Safari စတာတွေမှာတော့ Incoming call အတွက် Notifications ထောက်ပံ့ပေးမယ်လို့ ယူဆရပါတယ်။

လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်းမသိရသေးတာက Web မှာအသုံးပြုရချိန်မှာ Function ပိုင်းက ဘယ်လောက်ထိ စုံလင်မလဲဆိုတာပါ။ ပြီးခဲ့တဲ့ တစ်လလောက်က စမ်းသပ်ခဲ့တဲ့ Group calling လို Feature တွေလည်း ပါလာနိုင်တယ်လို့တော့ မျှော်လင့်ရပါတယ်။

Ref: 9To5Mac