Samsung Galaxy M01s ဟာ မကြာခင်က TUV Rheinland Certification ရသွားပြီး 3,900mAh ဘက်ထရီ  ပါလာမှာပါ။ အခုတော့ အဲဒီဖုန်းကို Google Play Console မှာ တွေ့လာရပြီ ဖြစ်ပြီး ဩဂုတ်လက ကြေညာခဲ့တဲ့ Galaxy A10s ကို နာမည်ပြောင်းရောင်းချမှာပါ။

Play Console က Galaxy A10s စာမျက်နှာမှာ Galaxy M01s ကို ဖော်ပြထားတဲ့အတွက် M01s ဟာ A10s ကို နာမည်ပြောင်းရောင်းချတာ ပိုသေချာသွားပါတယ်။ အဲဒီမှာ Key Specs တွေကို ဖော်ပြထားပြီး Helio P22 SoC မောင်းနှင်ထားမှာ ဖြစ်ပါတယ်။ 3GB RAM နဲ့ HD+ မျက်နှာပြင် ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

Galaxy M01s ဟာ A10s နဲ့ တူမယ်ဆိုရင် ၆.၂ လက်မ TFT မျက်နှာပြင်နဲ့ 8MP ဆဲလ်ဖီး ကင်မရာတွေ ပါလာမှာပါ။ အနောက်ဘက်မှာ ကင်မရာ ၂ လုံး ထည့်သွင်းထားမှာ ဖြစ်ပြီး 13MP Main နဲ့ 2MP Depth ကင်မရာတွေ ဖြစ်ပါတယ်။

Galaxy M01s မှာ အနောက်ဘက် လက်ဗွေရာ အာရုံခံ ကိရိယာ တပ်ဆင်ထားမှာ ဖြစ်ပြီး microSD Card Slot ပါလာမှာပါ။ 3.5mm Headphone Jack နဲ့ microUSB  Port ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

Ref : gsmarena