ပြီးခဲ့တဲ့သြဂုတ်လတုန်းက Google ကနေ Nearby Share လို့ နာမည်ပေးထားတဲ့ Android Device အချင်းချင်း အလွယ်တကူ File Transfer ပြုလုပ်နိုင်တဲ့ Service တစ်ခုကို မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ Nearby Share ဟာ File တွေ၊ Link တွေ၊ Text နဲ့ Image တွေအကုန်လုံးကို Support ပြုလုပ်သလို Google Play Services သွင်းထားပြီး Google Account Signed-in ဝင်ထားတဲ့ Android ဖုန်းတိုင်းမှာလည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။

အခုလည်း Google ကနေ အဆိုပါ Nearby Share အတွက် ပိုပြီးအသုံးဝင်မယ့် Feature Update တစ်ခုကို ထုတ်ပေးသွားတော့မှာပါ။ ဒါကတော့ ကိုယ့် Android စမတ်ဖုန်းထဲမှာရှိတဲ့ Application တွေကိုပါ တခြား Device ကို Nearby Share အသုံးပြုပြီး အလွယ်တကူပေးပို့နိုင်မှာပဲဖြစ်ပါတယ်။

အခုလိုမျိုး App တွေကို တခြား Android ဖုန်းမှာ Share ပေးဖို့အတွက်ကတော့ Google Play Store ထဲမှာရှိတဲ့ “Manage Apps & Games” Page ကို ဝင်ရောက်ပြီး “Share Apps” ကနေ တစ်ဆင့် Nearby Share ကို ရွေးချယ်ပေးရမှာဖြစ်ပါတယ်။ တခြားသောစမတ်ဖုန်းမှာ Download ပြုလုပ်စရာမလိုတော့သလို Third-party App လည်း အသုံးပြုစရာမလိုတော့တဲ့အတွက် ပိုပြီးအဆင်ပြေစေမှာပါ။

Google ကတော့ Application တွေကို Share ပေးနိုင်မယ့် Feature Update ဟာ လာမယ့် ရက်သတ္တပတ်အတွင်းမှာ ရရှိမှာဖြစ်တယ်လို့ တရားဝင်ပြောကြားထားခဲ့ပါတယ်။ နောက်ပိုင်းမှာ Nearby Share ဟာ ChromeOS ၊ Windows OS တွေနဲ့ပါ ချိတ်ဆက်ပြီး File Transfer ပြုလုပ်နိုင်တော့မှာဖြစ်ပါတယ်။

Ref – 9to5Google