Google ဟာ ယခုနှစ်မှာ နှစ်စဥ်ကျင်းပနေကြ Google I/O Developer Conference ကို မကျင်းပဖြစ်တော့ဘဲ အဲ့ဒီအတွက် Google Pixel 4a စမတ်ဖုန်းမိတ်ဆက်မယ့်အချိန်နဲ့ Android 11 Beta မိတ်ဆက်မယ့်အချိန်ကို ပုံမှန်မေလကနေ ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။

အစောပိုင်းတုန်းက Android 11 မှာပါဝင်တဲ့ Feature အသစ်တွေ၊ ပြောင်းလဲမှုတွေနဲ့ Public Beta ကို လာမယ့် ဇွန်လ ၃ ရက်နေ့မှာ Android 11 Beta Launch Show ဆိုပြီး Livestream Event ပြုလုပ်သွားဖို့ စီစဥ်ထားပြီးဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခုအချိန်နီးကပ်နေတော့မှ Android 11 Beta Launch Show ကို လာမယ့်ဇွန်လ ၃ ရက်နေ့ကနေ ရွေ့ဆိုင်းလိုက်တယ်လို ပြောကြားခဲ့ပါတယ်။

Official Android Developers Twitter Account ကတော့ အခုအချိန်ဟာ အောင်ပွဲခံကြေညာရမယ့်အချိန်မဟုတ်တဲ့အတွက် ရွေ့ဆိုင်းခဲ့တာဖြစ်ပြီး မကြာခင်မှာ Android 11 နဲ့ ပတ်သက်တဲ့သတင်းတွေကို ထပ်မံဖော်ပြသွားမယ်လို့ ရေးသားထားခဲ့ပါတယ်။ အဲ့ဒီအတွက် ဒီလိုမျိုး Android 11 Beta Launch Show ကို နောက်ရွေ့လိုက်တာက လက်ရှိအမေရိကန်နိုင်ငံတွင်းမှာ ဖြစ်ပေါ်နေတဲ့ ဆန္ဒပြမှုတွေကြောင့်လည်းဖြစ်နိုင်တယ်ဆိုပြီး ခန့်မှန်းနေကြပါတယ်။

ဘာပဲဖြစ်ဖြစ် နောက်ဆုံးသိထားရတဲ့သတင်းတွေအရ Google ရဲ့ Mid Range ဖုန်းဖြစ်လာမယ့် Pixel 4a စမတ်ဖုန်းကိုလည်း လာမယ့် ဇူလိုင် ၁၃ ရက်နေ့မှ မိတ်ဆက်မှာဖြစ်တဲ့အတွက် Android 11 Beta Launch Show ကိုလည်း ဇွန်လလယ်လောက်မှပဲ ပြုလုပ်ဖို့ များနေပါတယ်။

Ref – Android Authority