Zawgyi

Google ကေန ၿပီးခဲ့တဲ့ ေမလတုန္းက ျပဳလုပ္ခဲ့တဲ့ Google I/O 2019 Event မွာတုန္းက Android Version အသစ္ျဖစ္တဲ့ Android Q အတြက္ Beta Program ကို စတင္ခဲ့တာျဖစ္ပါတယ္။ မၾကာေသးခင္တုန္းက Google ကေန Android Q အစား Android 10 လို႔ပဲ ေခၚဆိုမယ္ဆိုတာကို အတည္ျပဳလိုက္ၿပီး Android Logo ကိုပါ ေျပာင္းလဲခဲ့ပါတယ္။

အခုအခ်ိန္မွာေတာ့ Google ကေန ဒီ Android 10 Stable Update ကို တရားဝင္ထုတ္ေပးလိုက္ၿပီျဖစ္ပါတယ္။ ဒ့ါအျပင္ Google ရဲ႕ Android Official Website မွာလည္း Android 10 အေၾကာင္းကို အေသးစိတ္ Update လုပ္ေပးလိုက္ပါၿပီ။

Android 10 Update က Google Pixel 1 ကေန Pixel 3 ၊ 3a ဖုန္းေတြအကုန္လုံးအထိရရွိတာျဖစ္ၿပီးေတာ့ တျခားေသာစမတ္ဖုန္းထုတ္လုပ္သူေတြျဖစ္တဲ့ Essential နဲ႔ Xiaomi ကလည္း Redmi K20 ဖုန္းအတြက္ Android 10 Stable Update ကို Pixel ေတြအတြက္ Android 10 ထြက္ရွိၿပီး အခ်ိန္တိုအတြင္း Update ရရွိခဲ့တာျဖစ္ပါတယ္။ ယခင္တုန္းကေတာ့ Essential က Pixel ဖုန္းေတြနဲ႔အၿပိဳင္ Update ထုတ္ေပးေနၾကျဖစ္ေပမယ့္ အခုအခ်ိန္မွာ Xiaomi ကပါ တစ္ရက္တည္း Update လိုက္ေပးႏိုင္တာလည္းျဖစ္ပါတယ္။

Android 10 ဟာ အဓိကေျပာင္းလဲမႈေတြအေနနဲ႔ Dark Theme ၊ Gesture Navigation အသစ္၊ Privacy & Location Control ေတြနဲ႔ Smart Quick Action & Replies Feature ေတြပါဝင္လာမွာလည္းျဖစ္ပါတယ္။ ဒ့ါအျပင္ အသုံးမ်ားတဲ့ Social Apps ေတြကေန ခဏ Break ယူႏိုင္မယ့္ Focus Mode အသစ္လည္းပါဝင္လာၿပီး Family Control Feature ေတြလည္း အသစ္ပါဝင္လာတယ္လို႔ သိရပါတယ္။

ဒါေပမယ့္ Google က I/O Event မွာ မိတ္ဆက္သြားတဲ့ ႀကိဳက္တဲ့ Video ေတြကို Internet မလိုဘဲ Caption ထိုးေပးႏိုင္တဲ့ Live Caption Feature ကေတာ့ ေလာေလာဆယ္အထိ ပါဝင္ဦးမွာမဟုတ္ေသးပါဘူး။

ဘာပဲျဖစ္ျဖစ္ Google Pixel ဖုန္းအသုံးျပဳေနတဲ့သူေတြအတြက္ကေတာ့ Android 10 Update ကို Setting – System Update ကေန OTA အေနနဲ႔ Download ဆြဲၿပီး အသုံးျပဳႏိုင္ၿပီျဖစ္ၿပီး တျခားေသာ Samsung ၊ Huawei လို စမတ္ဖုန္းအသုံးျပဳေနတဲ့သူေတြအေနနဲ႔ကေတာ့ အခ်ိန္တစ္ခုထပ္ၿပီး ေစာင့္ဆိုင္းဖို႔ လိုအပ္ဦးမွာပါ။

Ref – The Verge

Unicode

Google ကနေ ပြီးခဲ့တဲ့ မေလတုန်းက ပြုလုပ်ခဲ့တဲ့ Google I/O 2019 Event မှာတုန်းက စတင်ပြီးတော့ Android Version အသစ်ဖြစ်တဲ့ Android Q အတွက် Beta Program ကို စတင်ခဲ့တာဖြစ်ပါတယ်။ မကြာသေးခင်တုန်းက Google ကနေ Android Q အစား Android 10 လို့ပဲ ခေါ်ဆိုမယ်ဆိုတာကို အတည်ပြုလိုက်ပြီး Android Logo ကိုပါ ပြောင်းလဲခဲ့ပါတယ်။

အခုအချိန်မှာတော့ Google ကနေ ဒီ Android 10 Stable Update ကို တရားဝင်ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။ ဒ့ါအပြင် Google ရဲ့ Android Official Website မှာလည်း Android 10 အကြောင်းကို အသေးစိတ် Update လုပ်ပေးလိုက်ပါပြီ။

Android 10 Update က Google Pixel 1 ကနေ Pixel 3 ၊ 3a ဖုန်းတွေအကုန်လုံးအထိရရှိတာဖြစ်ပြီးတော့ တခြားသောစမတ်ဖုန်းထုတ်လုပ်သူတွေဖြစ်တဲ့ Essential နဲ့ Xiaomi ကလည်း Redmi K20 ဖုန်းအတွက် Android 10 Stable Update ကို Pixel တွေအတွက် Android 10 ထွက်ရှိပြီး အချိန်တိုအတွင်း Update ရရှိခဲ့တာဖြစ်ပါတယ်။ ယခင်တုန်းကတော့ Essential က Pixel ဖုန်းတွေနဲ့အပြိုင် Update ထုတ်ပေးနေကြဖြစ်ပေမယ့် အခုအချိန်မှာ Xiaomi ကပါ တစ်ရက်တည်း Update လိုက်ပေးနိုင်တာလည်းဖြစ်ပါတယ်။

Android 10 ဟာ အဓိကပြောင်းလဲမှုတွေအနေနဲ့ Dark Theme ၊ Gesture Navigation အသစ်၊ Privacy & Location Control တွေနဲ့ Smart Quick Action & Replies Feature တွေပါဝင်လာမှာလည်းဖြစ်ပါတယ်။ ဒ့ါအပြင် အသုံးများတဲ့ Social Apps တွေကနေ ခဏ Break ယူနိုင်မယ့် Focus Mode အသစ်လည်းပါဝင်လာပြီး Family Control Feature တွေလည်း အသစ်ပါဝင်လာတယ်လို့ သိရပါတယ်။

ဒါပေမယ့် Google က I/O Event မှာ မိတ်ဆက်သွားတဲ့ ကြိုက်တဲ့ Video တွေကို Internet မလိုဘဲ Caption ထိုးပေးနိုင်တဲ့ Live Caption Feature ကတော့ လောလောဆယ်အထိ ပါဝင်ဦးမှာမဟုတ်သေးပါဘူး။

ဘာပဲဖြစ်ဖြစ် Google Pixel ဖုန်းအသုံးပြုနေတဲ့သူတွေအတွက်ကတော့ Android 10 Update ကို Setting – System Update ကနေ OTA အနေနဲ့ Download ဆွဲပြီး အသုံးပြုနိုင်ပြီဖြစ်ပြီး တခြားသော Samsung ၊ Huawei လို စမတ်ဖုန်းအသုံးပြုနေတဲ့သူတွေအနေနဲ့ကတော့ အချိန်တစ်ခုထပ်ပြီး စောင့်ဆိုင်းဖို့ လိုအပ်ဦးမှာပါ။

Ref – The Verge