တရုတ်အခြေစိုက် ByteDance ရဲ့ TikTok App ဟာ အိန္ဒိယနိုင်ငံအတွင်းမှာ ခေတ်စားလာခဲ့ပြီးနောက် သုံးစွဲသူ အများအပြားတိုးမြင့်လာသလို အခက်အခဲတွေလည်း ကြုံတွေ့ခဲ့ရပါတယ်။

အခုလပိုင်းအတွင်း အိန္ဒိယနိုင်ငံတွင်းက တွစ်တာသုံးစွဲသူတွေကြားမှာ BanTikTok, DeleteTikTok, BlockTikTok စတဲ့ စာသားတွေ Trend ဖြစ်လာခဲ့ပြီး အကြောင်းရင်းကတော့ အချို့သုံးစွဲသူတွေက သူများနဲ့မတူအောင် လုပ်ရာမှာ အိမ်တွင်းအကြမ်းဖက်မှု၊ တိရစ္ဆာန်ညှင်းပန်းနှိပ်စက်မှု၊ လူမျိုးရေးခွဲခြားမှု၊ ကလေးသူငယ်ချင်းညှင်းပန်းနှိပ်စက်မှု စတဲ့ ဖော်ပြပုံတွေ ပါဝင်လာလို့ပါ။

အဲဒီနောက်တော့ အိန္ဒိယလူမျိုးသန်းနဲ့ချီပြီး Google Play Store ပေါ်က TikTok App ကိုသွားပြီး One Star Rating နဲ့ ရှုံ့ချမှုတွေ ပြုလုပ်ခဲ့ကြတာကြောင့် မူလက ပျမ်းမျှ Rating 4.5 ကနေ 1.2 အထိ မယုံနိုင်စရာ ကျဆင်းသွားခဲ့ပါတယ်။

ဒီအခြေအနေကို ဝင်ရောက်တားဆီးခဲ့တာတော့ Google ကိုယ်တိုင်ပဲဖြစ်ပြီး TikTok Review တွေထဲက အနှုတ်သဘောဆောင်တဲ့ Rating သန်းဂဏန်းကို ပယ်ဖျက်ပေးခဲ့ကြောင်း ယနေ့မှာ Google ရဲ့ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက အတည်ပြုပေးခဲ့ပါတယ်။ အခုလို ဝင်ရောက်ကယ်တင်ပေးပြီးတဲ့နောက်မှာ TikTok ရဲ့ Rating ဟာ အနည်းငယ် မြင့်တက်သွားပြီး 1.6 ထိ ချက်ချင်းပြန်ရောက်သွားခဲ့ပါတယ်။

အခုလို အက်ပလီကေးရှင်းတစ်ခုအပေါ်မှာ အများက အညှိုးထားခံရတာ ပထမဆုံးအကြိမ်မဟုတ်သလို အိန္ဒိယမှာလည်း အရင်က ဖြစ်ခဲ့ဖူးပါတယ်။ ဒီတစ်ခါ အခြေအနေကို ပိုဆိုးဝါးစေတာက အိန္ဒိယမှ ဆိုရှယ်မီဒီယာ Influencer တစ်ဦးဖြစ်တဲ့ Faizal Siddiqui က သူ့ဗီဒီယိုတစ်ခုမှာ အက်စစ်နဲ့ တိုက်ခိုက်ဟန် ထည့်သွင်းရိုက်ကူးခဲ့တာကြောင့်ပါ။ သူက ပြန်လည်တောင်းပန်ခဲ့ပေမယ့် TikTok ကတော့ အိန္ဒိယသုံးစွဲသူတွေရဲ့ ဒေါသကို ခံစားလိုက်ရတာပါပဲ။

Ref – TechCrunch