[Zawgyi]

Google ကေတာ့ Pixel 4 မွာ Motion Sense နဲ႔ Face Unlock ေတြ ပါဝင္မယ္လို႔ အတည္ျပဳေပးလိုက္ပါၿပီ။ အခုလိုမ်ိဳး ေစာေစာစီးစီး ေၾကညာလိုက္တာကလည္း Google ရဲ႕ မဟာဗ်ဴဟာ တစ္ခုပဲလို႔ ဆိုရမွာပါ။ ဘာေၾကာင့္လဲဆိုေတာ့ ဒီသတင္းကို Pixel Fun မဟုတ္သူေတြပါ စိတ္ဝင္စားလာႏိုင္လို႔ပါပဲ။

Motion Sense ကိုေတာ့ Air Gesture, Touchless Gesture, Motion Gesture ဆိုၿပီး အမ်ိဳးမ်ိဳး ေရးသားၾကပါတယ္။ အသုံးအမ်ားဆုံးကေတာ့ Air Gesture ျဖစ္မယ္ထင္ပါတယ္။ Android ဖုန္း အေတာ္မ်ားမ်ားမွာ ပါဝင္ၿပီးသားျဖစ္ေပမယ့္ Google ရဲ႕ စမတ္ဖုန္းေတြထဲမွာေတာ့ Pixel 4 က်မွ ထည့္သြင္းလာမွာပါ။

Soli ကို အေျခခံၿပီး Project Google ကို လြန္ခဲ့တဲ့ ေလးႏွစ္ေလာက္ကတည္းက ျပဳလုပ္ခဲ့တာပါ။ Motion Sense ကေတာ့ Pixel 4 မွာ အေျခခံလုပ္ေဆာင္ခ်က္ေတြျဖစ္တဲ့ သီခ်င္းကိုေနာက္တစ္ပုဒ္ေက်ာ္လိုက္တာ၊ အခ်က္ေပးသံကို Snooze လုပ္လိုက္တာ၊ ဖုန္းေခၚလာတာကို အသံတိတ္ေစတာမ်ိဳးေတြကို လက္ေဝွ႔ယမ္းၿပီး လုပ္ေဆာင္ႏိုင္တာပဲ ျဖစ္ပါတယ္။

Google ရဲ႕အဆိုအရ မ်က္ႏွာျပင္အထက္မွာထားရွိတဲ့ ေရဒါစနစ္ဟာ လႈပ္ရွားမႈေသးေသးေလးကိုေတာင္ အာ႐ုံခံႏိုင္တယ္လို႔ သိရပါတယ္။ အခုအခ်ိန္မွာေတာ့ ႐ိုး႐ိုးသာမန္ လက္ေဝွ႔ယမ္းျပတာကိုပဲ သိမွတ္တုံ႔ျပန္ႏိုင္ေသးေပမယ့္ အနာဂတ္မွာေတာ့ ပိုၿပီးအေသးစိတ္က်တဲ့လုပ္ေဆာင္မႈေတြကို ရရွိမယ္လို႔လည္း ဆိုပါတယ္။ ဒါ့အျပင္ ဒီ Motion Sense ဟာ Pixel ရရွိတဲ့ ႏိုင္ငံအခ်ိဳ႕မွာပဲ ရရွိႏိုင္မယ္လို႔ သိရပါတယ္။

ေနာက္တစ္ခုကေတာ့ Face Unlock ပါ။ Pixel 4 မွာ ပါဝင္မယ့္ Face Unlock ဟာ ဒီေန႔ေခတ္ Android ဖုန္းအေတာ္မ်ားမ်ားမွာ သုံးေနတဲ့ Facial Recognition နဲ႔ မတူညီဘူးလို႔လည္း သိရပါတယ္။ အနီးစပ္ဆုံးဥပမာျပရရင္ေတာ့ Apple iPhone X နဲ႔ မိတ္ဆက္သြားတဲ့စနစ္နဲ႔ ဆင္တူတယ္လို႔ပဲ ဆိုရမွာပါ။ ပိုၿပီး ရႈပ္ေထြးနက္နဲသလို၊ ပိုၿပီး အေရးပါ၊ လုံၿခဳံစိတ္ခ်ရတယ္လို႔ သိရပါတယ္။

သာမန္ Facial Recognition စနစ္က မ်က္ႏွာရဲ႕ ပုံရိပ္ကိုယူၿပီး အလုပ္လုပ္တာပါ။ Pixel 4 ရဲ႕ Face Unlock ကေတာ့ မ်က္ႏွာမွာ dot projector ကို အသုံးျပဳၿပီး မ်က္ႏွာရဲ႕ 3D map ကို Scan ဖတ္မယ္လို႔ သိရပါတယ္။ IR ကင္မရာနဲ႔ flood illuminator တို႔က ဒီအခ်က္အလက္ေတြကိုယူၿပီးမွ Unlock လုပ္ေပးမွာ ျဖစ္ပါတယ္။ ဒီစနစ္က မ်က္ႏွာရဲ႕ ပုံရိပ္ကိုယူၿပီး အလုပ္လုပ္တာထက္ ပိုၿပီး တိက်လုံၿခဳံတယ္လို႔ ဆိုရမွာျဖစ္ပါတယ္။

Ref: GSM Arena

[Unicode]

Pixel 4 မှာ Motion Gesture နဲ့ Face Unlock တွေရလာမယ်လို့ ကြေညာလိုက်တဲ့ Google

Google ကတော့ Pixel 4 မှာ Motion Sense နဲ့ Face Unlock တွေ ပါဝင်မယ်လို့ အတည်ပြုပေးလိုက်ပါပြီ။ အခုလိုမျိုး စောစောစီးစီး ကြေညာလိုက်တာကလည်း Google ရဲ့ မဟာဗျူဟာ တစ်ခုပဲလို့ ဆိုရမှာပါ။ ဘာကြောင့်လဲဆိုတော့ ဒီသတင်းကို Pixel Fun မဟုတ်သူတွေပါ စိတ်ဝင်စားလာနိုင်လို့ပါပဲ။

Motion Sense ကိုတော့ Air Gesture, Touchless Gesture, Motion Gesture ဆိုပြီး အမျိုးမျိုး ရေးသားကြပါတယ်။ အသုံးအများဆုံးကတော့ Air Gesture ဖြစ်မယ်ထင်ပါတယ်။ Android ဖုန်း အတော်များများမှာ ပါဝင်ပြီးသားဖြစ်ပေမယ့် Google ရဲ့ စမတ်ဖုန်းတွေထဲမှာတော့ Pixel 4 ကျမှ ထည့်သွင်းလာမှာပါ။

Soli ကို အခြေခံပြီး Project Google ကို လွန်ခဲ့တဲ့ လေးနှစ်လောက်ကတည်းက ပြုလုပ်ခဲ့တာပါ။ Motion Sense ကတော့ Pixel 4 မှာ အခြေခံလုပ်ဆောင်ချက်တွေဖြစ်တဲ့ သီချင်းကိုနောက်တစ်ပုဒ်ကျော်လိုက်တာ၊ အချက်ပေးသံကို Snooze လုပ်လိုက်တာ၊ ဖုန်းခေါ်လာတာကို အသံတိတ်စေတာမျိုးတွေကို လက်ဝှေ့ယမ်းပြီး လုပ်ဆောင်နိုင်တာပဲ ဖြစ်ပါတယ်။

Google ရဲ့အဆိုအရ မျက်နှာပြင်အထက်မှာထားရှိတဲ့ ရေဒါစနစ်ဟာ လှုပ်ရှားမှုသေးသေးလေးကိုတောင် အာရုံခံနိုင်တယ်လို့ သိရပါတယ်။ အခုအချိန်မှာတော့ ရိုးရိုးသာမန် လက်ဝှေ့ယမ်းပြတာကိုပဲ သိမှတ်တုံ့ပြန်နိုင်သေးပေမယ့် အနာဂတ်မှာတော့ ပိုပြီးအသေးစိတ်ကျတဲ့လုပ်ဆောင်မှုတွေကို ရရှိမယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် ဒီ Motion Sense ဟာ Pixel ရရှိတဲ့ နိုင်ငံအချို့မှာပဲ ရရှိနိုင်မယ်လို့ သိရပါတယ်။

နောက်တစ်ခုကတော့ Face Unlock ပါ။ Pixel 4 မှာ ပါဝင်မယ့် Face Unlock ဟာ ဒီနေ့ခေတ် Android ဖုန်းအတော်များများမှာ သုံးနေတဲ့ Facial Recognition နဲ့ မတူညီဘူးလို့လည်း သိရပါတယ်။ အနီးစပ်ဆုံးဥပမာပြရရင်တော့ Apple iPhone X နဲ့ မိတ်ဆက်သွားတဲ့စနစ်နဲ့ ဆင်တူတယ်လို့ပဲ ဆိုရမှာပါ။ ပိုပြီး ရှုပ်ထွေးနက်နဲသလို၊ ပိုပြီး အရေးပါ၊ လုံခြုံစိတ်ချရတယ်လို့ သိရပါတယ်။

သာမန် Facial Recognition စနစ်က မျက်နှာရဲ့ ပုံရိပ်ကိုယူပြီး အလုပ်လုပ်တာပါ။ Pixel 4 ရဲ့ Face Unlock ကတော့ မျက်နှာမှာ dot projector ကို အသုံးပြုပြီး မျက်နှာရဲ့ 3D map ကို Scan ဖတ်မယ်လို့ သိရပါတယ်။ IR ကင်မရာနဲ့ flood illuminator တို့က ဒီအချက်အလက်တွေကိုယူပြီးမှ Unlock လုပ်ပေးမှာ ဖြစ်ပါတယ်။ ဒီစနစ်က မျက်နှာရဲ့ ပုံရိပ်ကိုယူပြီး အလုပ်လုပ်တာထက် ပိုပြီး တိကျလုံခြုံတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

Ref: GSM Arena