Zawgyi

Android OS အသစ္ျဖစ္တဲ့ Android 10 ရဲ႕ အဓိက Feature တစ္ခုက System-wide Dark Theme ပါဝင္လာတာပါ။ အဲ့ဒီအတြက္ အခုအခ်ိန္မွာ Google ကေန သူ႔ရဲ႕ Application ေတြ ေတာ္ေတာ္မ်ားမ်ားကို စတင္ၿပီးေတာ့ Dark Mode ရရွိေအာင္ Update ျပဳလုပ္ေပးေနတာလည္းျဖစ္ပါတယ္။

အခုလည္း Google ကေန အဓိကအေရးပါတဲ့ Application တစ္ခုျဖစ္တဲ့ Gmail App အတြက္ Dark Mode ကို စတင္ Update ျပဳလုပ္ေပးေနၿပီလို႔သိရပါတယ္။

Dark Mode Update ဟာ Android ဖုန္းေတြအတြက္ အရင္ရရွိလာတာျဖစ္ၿပီးေတာ့ Server Side Update ျဖစ္တဲ့အတြက္ ေလာေလာဆယ္မွာ Play Store ကေန Latest Version ကို Update ျပဳလုပ္ထားရမွာျဖစ္ၿပီး မၾကာခင္ ရရွိလာမွာျဖစ္ပါတယ္။ ဒါက Gmail App အတြက္ ၿပီးခဲ့တဲ့လပိုင္းတုန္းက Material Design အသစ္ကို ေျပာင္းလဲအၿပီးမွာ ေနာက္ထပ္ႀကီးမားတဲ့ အေျပာင္းအလဲတစ္ခုျဖစ္လာမွာပါ။

အခု Dark Mode Update ကို ရရွိၿပီဆိုရင္ Gmail App ရဲ႕ General Setting မွာ Theme ဆိုတဲ့ Option တစ္ခုကို ျမင္ေတြ႕ရမွာျဖစ္ၿပီးေတာ့ Light ၊ Dark နဲ႔ System Default ဆိုၿပီး ေ႐ြးခ်ယ္ႏိုင္မွာပါ။

ဘာပဲျဖစ္ျဖစ္ Google ဟာ Google Keep ၊ Calendar ၊ Photos နဲ႔ တျခားေသာ App ေတာ္ေတာ္မ်ားမ်ားကို Dark Mode ရရွိေအာင္လုပ္ေပးခဲ့ၿပီးျဖစ္ၿပီး Gmail App ကလည္း ေနာက္ထပ္ Dark Mode ရရွိတဲ့ App တစ္ခုျဖစ္လာေတာ့မွာပါ။

Ref – 9to5Google

Unicode

Android OS အသစ်ဖြစ်တဲ့ Android 10 ရဲ့ အဓိက Feature တစ်ခုက System-wide Dark Theme ပါဝင်လာတာပါ။ အဲ့ဒီအတွက် အခုအချိန်မှာ Google ကနေ သူ့ရဲ့ Application တွေ တော်တော်များများကို စတင်ပြီးတော့ Dark Mode ရရှိအောင် Update ပြုလုပ်ပေးနေတာလည်းဖြစ်ပါတယ်။

အခုလည်း Google ကနေ Google အတွက် အဓိကအရေးပါတဲ့ Application တစ်ခုဖြစ်တဲ့ Gmail App အတွက် Dark Mode ကို စတင် Update ပြုလုပ်ပေးနေပြီလို့သိရပါတယ်။

ဒီ Gmail App အတွက် Dark Mode Update ဟာ Android ဖုန်းတွေအတွက် အရင်ရရှိလာတာဖြစ်ပြီးတော့ Server Side Update ဖြစ်တဲ့အတွက် လောလောဆယ်မှာ Play Store ကနေ Latest Version ကို Update ပြုလုပ်ထားရမှာဖြစ်ပြီး မကြာခင်မှာရရှိလာမှာဖြစ်ပါတယ်။ ဒါက Gmail App အတွက် ပြီးခဲ့တဲ့လပိုင်းတုန်းက Material Design အသစ်ကို ပြောင်းလဲအပြီးမှာ နောက်ထပ်ကြီးမားတဲ့ အပြောင်းအလဲတစ်ခုဖြစ်လာမှာပါ။

အခု Dark Mode Update ကို ရရှိပြီဆိုရင် Gmail App ရဲ့ General Setting မှာ Theme ဆိုတဲ့ Option တစ်ခုကို မြင်တွေ့ရမှာဖြစ်ပြီးတော့ Light ၊ Dark နဲ့ System Default ဆိုပြီး ရွေးချယ်နိုင်မှာပါ။

ဘာပဲဖြစ်ဖြစ် Google ဟာ Google Keep ၊ Calendar ၊ Photos နဲ့ တခြားသော App တော်တော်များများကို Dark Mode ရရှိအောင်လုပ်ပေးခဲ့ပြီးဖြစ်ပြီး Gmail App ကလည်း နောက်ထပ် Dark Mode ရရှိတဲ့ App တစ်ခုဖြစ်လာတော့မှာပါ။

Ref – 9to5Google