ကမ္ဘာ့အထင်ကရ နည်းပညာ ကုမ္ပဏီကြီး ၁ ခုရဲ့ အင်တာနက် ဝန်ဆောင်မှုတွေ Down သွားတဲ့ ဖြစ်ရပ် ဖြစ်ပွားသွားခဲ့ပါတယ်။ Google Search အပါအဝင် Google ရဲ့ ဝန်ဆောင်မှုတွေဟာ ကမ္ဘာအဝန်းမှာ အသုံးပြုလို့ မရ ဖြစ်သွားခဲ့ပါတယ်။

Google Back up After Brief Outage - Downdetector

ဒီလ ၈ ရက်နေ့မှာ စတင် ဖြစ်ပွားခဲ့တာ ဖြစ်ပြီး DownDetector က အမေရိကန်က လူများစွာက Google Search ကို အသုံးပြုလို့ မရဘူးဆိုတဲ့ အကြောင်းကြားမှုတွေရခဲ့တယ်လို့ ပြောပါတယ်။ Google Search ကို အသုံးပြုသူတွေဟာ Loading Time ကြာမြင့်တာ၊ ရလဒ်တွေ မပေါ်လာတာ အပြင် ပြဿနာများစွာ ဖြစ်ခဲ့ပါတယ်။

Google Down

တိုင်ကြားမှု အားလုံးထဲမှာ အဓိက ပြဿနာ အများစုက Google Search ဖြစ်ပြီး တချို့က တခြား Google ဝန်ဆောင်မှုတွေမှာလည်း ပြဿနာ ဖြစ်နေတယ်လို့ ပြောကြပါတယ်။ လူများစွာက Google ဝန်ဆောင်မှုတွေ ပြဿနာ ဖြစ်နေတဲ့ အကြောင်းကို တွစ်တာမှာ #GoogleDown နဲ့ #GoogleOutage စတဲ့ Tag တွေနဲ့ ရေးသားခဲ့ကြပါတယ်။

Google Search ကို အသုံးပြုတဲ့ တချို့လူတွေက “500” Error “ တွေ့ခဲ့ပြီး အဲဒါဟာ ဆာဗာ ပြဿနာကို ရည်ညွှန်းပါတယ်။ YouTube, Photos, Maps, Drive, Duo အပါအဝင် Google ရဲ့ တခြား ဝန်ဆောင်မှုတွေလည်း ပြဿနာ ဖြစ်ခဲ့ပါတယ်။ နိုင်ငံအားလုံးမှာတော့ အဲဒီ ပြဿနာတွေ ဖြစ်တာ မဟုတ်ပါဘူး။ ဒါပေမယ့် Google ဟာ လက်ရှိမှာ ပြဿနာတွေနဲ့ ရင်ဆိုင်နေရဆဲ ဖြစ်ပြီး User တချို့က ပြဿနာတွေ ရှိနေသေးတဲ့ အကြောင်းကို တွစ်တာမှာ မျှဝေနေကြပါတယ်။ ဒီပြဿနာနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref : gizmochina