Google ရဲ႕ Pixel 3 ဖုန္းေတြနဲ႔ ပတ္သက္ျပီး ထြက္လာခါနီးေလ၊ အခ်က္အလက္ေတြ ေပၚထြက္လာေလ ပါပဲ။ ေစာင့္ေနတဲ့သူေတြအတြက္လည္း ဘယ္အခ်ိန္မွာ တရားဝင္မိတ္ဆက္လာမလဲ ဆုိတာကို စိတ္ဝင္စားေနၾကမွာပါ။

စိတ္မပူပါနဲ႔ေတာ့။ Pixel 3 နဲ႔ Pixel 3 XL တုိ႔ကို မိတ္ဆက္မယ့္ရက္ကုိ Google က တရားဝင္ ေၾကျငာလိုက္ျပီး ေအာက္တိုဘာ ၉ ရက္ေန႔၊ နယူးေယာက္ျမိဳ႕မွာ မိတ္ဆက္ေဖာ္ျပသြားမွာပါ။ ယခင္ မိတ္ဆက္ပြဲ ေတြတုန္းက မ်ားေသာအားျဖင့္ ကယ္လီဖိုးနီးယားမွာ ျပဳလုပ္ခဲ့ၾကေပမယ့္ ဒီတစ္ခါေတာ့ ကြဲျပားစြာ မိတ္ဆက္လာမွာ ျဖစ္ပါတယ္။ ေဒသစံေတာ္ခ်ိန္ မနက္ ၁၁ နာရီမွာ စတင္သြားမယ္လုိ႔ သိရျပီး Google က Youtube မွာလည္း တုိက္ရုိက္ထုတ္လႊင့္သြားမွာ ျဖစ္တဲ့အတြက္ စိတ္ဝင္စားသူေတြ တေျပးညီ ေစာင့္ၾကည့္ႏုိင္မွာပါ။

Pixel မ်ဳိးဆက္သစ္ေတြဟာ Snapdragon 845 Chipset ေတြနဲ႔ ထြက္လာမွာျဖစ္ျပီး ေက်ာဘက္ ကင္မရာ၊ ေရွ႕ဘက္ Dual ဆယ္လ္ဖီကင္မရာ၊ Qi ၾကိဳးမဲ့အားသြင္းစနစ္၊ ဖန္သားကိုယ္ထည္ေတြ ပါဝင္တယ္။ သတင္းေတြ ထြက္ခဲ့တဲ့ Google ရဲ႕ စမတ္လက္ပတ္နာရီ ဆုိတဲ့ Pixel Watch ကေတာ့ ဒီႏွစ္ထဲမွာ ထြက္မလာေသးပါဘူး။

Ref – https://www.gsmarena.com/google_officially_announces_october_9_event_for_pixel_3_and_pixel_3_xl_launch-news-33146.php

Unicode

Google ရဲ့ Pixel 3 ဖုန်းတွေနဲ့ ပတ်သက်ပြီး ထွက်လာခါနီးလေ၊ အချက်အလက်တွေ ပေါ်ထွက်လာလေ ပါပဲ။ စောင့်နေတဲ့သူတွေအတွက်လည်း ဘယ်အချိန်မှာ တရားဝင်မိတ်ဆက်လာမလဲ ဆိုတာကို စိတ်ဝင်စားနေကြမှာပါ။

စိတ်မပူပါနဲ့တော့။ Pixel 3 နဲ့ Pixel 3 XL တို့ကို မိတ်ဆက်မယ့်ရက်ကို Google က တရားဝင် ကြေငြာလိုက်ပြီး အောက်တိုဘာ ၉ ရက်နေ့၊ နယူးယောက်မြို့မှာ မိတ်ဆက်ဖော်ပြသွားမှာပါ။ ယခင် မိတ်ဆက်ပွဲ တွေတုန်းက များသောအားဖြင့် ကယ်လီဖိုးနီးယားမှာ ပြုလုပ်ခဲ့ကြပေမယ့် ဒီတစ်ခါတော့ ကွဲပြားစွာ မိတ်ဆက်လာမှာ ဖြစ်ပါတယ်။ ဒေသစံတော်ချိန် မနက် ၁၁ နာရီမှာ စတင်သွားမယ်လို့ သိရပြီး Google က Youtube မှာလည်း တိုက်ရိုက်ထုတ်လွှင့်သွားမှာ ဖြစ်တဲ့အတွက် စိတ်ဝင်စားသူတွေ တပြေးညီ စောင့်ကြည့်နိုင်မှာပါ။

Pixel မျိုးဆက်သစ်တွေဟာ Snapdragon 845 Chipset တွေနဲ့ ထွက်လာမှာဖြစ်ပြီး ကျောဘက် ကင်မရာ၊ ရှေ့ဘက် Dual ဆယ်လ်ဖီကင်မရာ၊ Qi ကြိုးမဲ့အားသွင်းစနစ်၊ ဖန်သားကိုယ်ထည်တွေ ပါဝင်တယ်။ သတင်းတွေ ထွက်ခဲ့တဲ့ Google ရဲ့ စမတ်လက်ပတ်နာရီ ဆိုတဲ့ Pixel Watch ကတော့ ဒီနှစ်ထဲမှာ ထွက်မလာသေးပါဘူး။