ရုံးလုပ်ငန်းလုပ်ကိုင်နေတဲ့သူတွေဆိုရင် Microsoft Office Software တစ်ခုဖြစ်တဲ့ Excel က မရှိမဖြစ်လို့တောင် ပြောလို့ရပါတယ်။ အဆိုပါ Microsoft Excel နဲ့အလားတူ Software တစ်ခုဖြစ်တဲ့ Google Sheets ကလည်း အခုနောက်ပိုင်းမှာ အသုံးပြုများပြားလာတဲ့အပြင် အခုလည်း အသုံးဝင်တဲ့ Feature Update ကိုရရှိလာတော့မှာပါ။

အဆိုပါ Feature တွေထဲက ပထဆုံးတစ်ခုကတော့ ပြုလုပ်နေတဲ့ Spreadsheet အပေါ်မှာ ရိုက်လိုက်တဲ့ Input Data အပေါ်မှုတည်ပြီး သင့်တော်မယ့် Formula တွေကို အလိုအလျောက်အကြံပြုပေးသွားမှာပဲဖြစ်ပါတယ်။ Google ကတော့ အဆိုပါ Feature ကို Smart Fill ဆိုပြီး ခေါ်ဆိုထားပါတယ်။

Sheets Smart Cleanup

အဆိုပါ Feature ဟာ လက်ရှိ Gmail နဲ့ Docs တွေမှာ အသုံးပြုနိုင်တဲ့ Smart Compose Feature လိုမျိုးပဲ တကယ်လို့ Sheet ထဲမှာ Formula ထည့်သွင်းနိုင်တဲ့ Usage တစ်ခုခုကိုတွေ့ပြီဆိုရင် လိုက်ဖက်တဲ့ Formula ကိုအလိုအလျောက်အကြံပေးသွားမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် သိသိသာသာကိုပိုပြီး အလုပ်လုပ်ရတာမြန်ဆန်လာစေမှာပါ။

Sheets Smart Cleanup

နောက်ထပ် Google Sheets မှာအသစ်ပါဝင်လာတဲ့ Feature တစ်ခုကတော့ Smart Cleanup ပဲဖြစ်ပါတယ်။ အဆိုပါ Smart Cleanup Feature ကတော့ ကိုယ်ပြုလုပ်ထားတဲ့ Spreadsheet တစ်ခုမှာ ထပ်နေတဲ့ Row တွေ၊ Formatting Error တွေနဲ့ တခြားသော Formula ပိုင်းမှာ ပြင်ဆင်သင့်တဲ့အချက်တွေကို ထောက်ပြပေးသွားမှာပါ။ အဲ့ဒီအတွက် အခုမှ Google Sheets ကို စတင်အသုံးပြုတဲ့သူတွေအတွက် မှားယွင်းမှာကိုလည်း စိတ်ပူစရာမလိုအပ်တော့ပါဘူး။

ဒါပေမယ့်လည်း အဆိုပါ Feature အသစ်တွေကို အခုချက်ချင်းအသုံးပြုနိုင်မှာတော့မဟုတ်သေးဘဲ Smart Fill Feature ကိုတော့ နှစ်ကုန်ပိုင်းမှာ ထုတ်ပေးသွားမယ်လို့ သိရပါတယ်။

Ref – Engadget