Zawgyi Font Version

 

အခုအခ်ိန္အခါဟာဆိုရင္ေတာ့ Smartphone ေလာကရဲ႕တိုက္ပြဲေတြျပင္းထန္ခ်ိန္ပါပဲ။ အရင္လပိုင္းတုန္းကပဲ Samsung က သူ႔ရဲ႕ Galaxy Note 9 ကိုမိတ္ဆက္ခဲ့တယ္။ Sony က သူ႔ရဲ႕ ပထမဆံုး OLED Display သံုး XZ3 ကိုမိတ္ဆက္ခဲ့ျပီး အခုလက္ရွိ Hit အျဖစ္ဆံုးကေတာ့ iPhone အသစ္ေတြပါပဲ။

Smartphone ေလာကရဲ႕ ဆရာတစ္ဆူျဖစ္လာတဲ့ Google ကလည္း သူ႔ရဲ႕ Pixel 3 ရဲ႕ Teaser တစ္ခုကို ထုတ္ျပခဲ့ပါတယ္။ Google က Pixel 3 ရဲ႕ Teaser ပံုေလးကို Website သက္သက္လုပ္ျပီးထုတ္ျပခဲ့တာျဖစ္ပါတယ္။ Pixel 3, 3XL ရဲ႕ Display ပံုစံလို႔ထင္ရတဲ့ Display ေလးရဲ႕ေအာက္နားမွာ Google ရဲ႕ G Logo ေလးကိုျမင္ရျပီး အဆိုပါ G Logo ကိုႏွိပ္လိုက္တာနဲ႔ Mint (စိမ္းျပာေရာင္), အျဖဴနဲ႔ အနက္ေရာင္ေတြအျဖစ္ေျပာင္းလဲသြားပါတယ္။

အျဖဴေရာင္လိုင္းရဲ႕ အတြင္းဘက္က အစိမ္းေရာင္ေလးက Pixel 3 အျဖဴေရာင္နဲ႔ စိမ္းျပာေရာင္တို႔မွာပါမယ့္ Power Button အေရာင္ကိုရည္ညႊန္းတာပါ။ အဆိုပါ Teaser အရ Pixel 3, 3XL ကို အျဖဴ၊ အနက္​နဲ႔ စိမ္​းျပာေရာင္​ ဆိုၿပီး အေရာင္​သံုးမ်ိဳးနဲ႔ထြက္လာမွာေသခ်ာေနျပီျဖစ္ပါတယ္။ Teaser ထဲက Display ပံုစံကသာ Pixel 3, 3XL ရဲ႕ Display ပံုစံကိုကိုယ္စားျပဳတာဆိုရင္ေတာ့ Notch လံုးဝမပါဖို႔ေသခ်ာသြားပါျပီ။ Pixel 2XL Design ကိုပဲ အေပၚေအာက္ေဘာင္ေတြပိုေသးသြားမွာျဖစ္ျပီး Samsung S9 ထက္သာ အေပၚေအာက္ေဘာင္ေတြက ပိုေသးရင္ေတာ့ ေတာ္ေတာ္ကိုလွမယ့္ ဖုန္းတစ္လံုးအျဖစ္ျမင္ရေတာ့မွာပါ။

Unicode Version

အခုအချိန်အခါဟာဆိုရင်တော့ Smartphone လောကရဲ့တိုက်ပွဲတွေပြင်းထန်ချိန်ပါပဲ။ အရင်လပိုင်းတုန်းကပဲ Samsung က သူ့ရဲ့ Galaxy Note 9 ကိုမိတ်ဆက်ခဲ့တယ်။ Sony က သူ့ရဲ့ ပထမဆုံး OLED Display သုံး XZ3 ကိုမိတ်ဆက်ခဲ့ပြီး အခုလက်ရှိ Hit အဖြစ်ဆုံးကတော့ iPhone အသစ်တွေပါပဲ။

Smartphone လောကရဲ့ ဆရာတစ်ဆူဖြစ်လာတဲ့ Google ကလည်း သူ့ရဲ့ Pixel 3 ရဲ့ Teaser တစ်ခုကို ထုတ်ပြခဲ့ပါတယ်။ Google က Pixel 3 ရဲ့ Teaser ပုံလေးကို Website သက်သက်လုပ်ပြီးထုတ်ပြခဲ့တာဖြစ်ပါတယ်။ Pixel 3, 3XL ရဲ့ Display ပုံစံလို့ထင်ရတဲ့ Display လေးရဲ့အောက်နားမှာ Google ရဲ့ G Logo လေးကိုမြင်ရပြီး အဆိုပါ G Logo ကိုနှိပ်လိုက်တာနဲ့ Mint (စိမ်းပြာရောင်), အဖြူနဲ့ အနက်ရောင်တွေအဖြစ်ပြောင်းလဲသွားပါတယ်။

အဖြူရောင်လိုင်းရဲ့ အတွင်းဘက်က အစိမ်းရောင်လေးက Pixel 3 အဖြူရောင်နဲ့ စိမ်းပြာရောင်တို့မှာပါမယ့် Power Button အရောင်ကိုရည်ညွှန်းတာပါ။ အဆိုပါ Teaser အရ Pixel 3, 3XL ကို အဖြူ၊ အနက်နဲ့ စိမ်းပြာရောင် ဆိုပြီး အရောင်သုံးမျိုးနဲ့ထွက်လာမှာသေချာနေပြီဖြစ်ပါတယ်။ Teaser ထဲက Display ပုံစံကသာ Pixel 3, 3XL ရဲ့ Display ပုံစံကိုကိုယ်စားပြုတာဆိုရင်တော့ Notch လုံးဝမပါဖို့သေချာသွားပါပြီ။ Pixel 2XL Design ကိုပဲ အပေါ်အောက်ဘောင်တွေပိုသေးသွားမှာဖြစ်ပြီး Samsung S9 ထက်သာ အပေါ်အောက်ဘောင်တွေက ပိုသေးရင်တော့ တော်တော်ကိုလှမယ့် ဖုန်းတစ်လုံးအဖြစ်မြင်ရတော့မှာပါ။

Ref: The Verge