[Unicode]

Google ရဲ့ Stadia Cloud Gaming ဝန်ဆောင်မှုမှာ Borderlands 3 နဲ့ Dragon Ball Xenoverse 2 အပါအဝင် ဂိမ်း အသစ်တွေကို ထည့်သွင်းပေးလိုက်ပါတယ်။ နောက်ရက်ပိုင်းမှာ Tom Clancy’s Ghost Recon Breakpoint ကို ကစားနိုင်တော့မှာ ဖြစ်ပြီး ပူးတွဲ ကစားနိုင်အောင် ကစားဖော်တွေရဲ့ စကရင်ကို ကစားသူတွေက ကြည့်နိုင်တဲ့ Google ရဲ့ Stream Connect လုပ်ဆောင်ချက်ကို ပထမဆုံး သုံးနိုင်တဲ့ ဂိမ်း ဖြစ်လာပါတယ်။ အဲဒီ လုပ်ဆောင်ချက်ရဲ့ အလုပ်လုပ်ပုံကို အောက်က စကရင်ရှော့မှာ ကြည့်ပါ။

ဒါပေမယ့် Borderlands 3 ရဲ့ Developer ဖြစ်တဲ့ Gearbox Software က Stadia က ဗားရှင်းမှာ အောက်တိုဘာက ထုတ်တဲ့ Content နဲ့ Bug Fixes တွေပဲ ပါတယ်လို့ ပြောတဲ့အတွက် သိပ်တော့ မမိုက်ပါဘူး။ “ ၂၀၂၀ အစောပိုင်းမှာ Borderlands 3 ရဲ့ ဗားရှင်းအားလုံးမှာ လုပ်ဆောင်ချက်တွေ ညီမျှအောင် လုပ်ပေးမှာပါ။ “ လို့တော့ ကုမ္ပဏီက ပြောပါတယ်။ အဲဒီ ဂိမ်းဟာ 30 fps သာ ထောက်ပံ့ပြီး 60 fps ကို မထောက်ပံ့ဘူးလို့ သတင်းထွက်နေပါတယ်။

Google က မူလကတော့ ဂိမ်းများစွာနဲ့ Stadia ကို မိတ်ဆက်ဖို့ ရည်ရွယ်ထားပါတယ်။ ဒါပေမယ့် အကြို မိတ်ဆက်ပွဲမှာ ဂိမ်း ၂၂ ခုကိုတောင် ကြေညာပေးခဲ့တဲ့အတွက် ဒီနှစ်ထဲမှာ ဂိမ်း ၄ ခုပဲ မိတ်ဆက်ပေးနိုင်ခဲ့ပါတယ်။ အဲဒါတွေထဲမှာ Borderlands, Dragon Ball နဲ့ Ghost Recon Breakpoint ဂိမ်း ၃ ခုပါပြီး ဒီလ ၅ ရက်နေ့မှာ Darksiders Genesis ကို ဖြန့်ချိပေးခဲ့ပါတယ်။

၂၀၂၀ မှာ ဖြန့်ချိပေးဖို့ Google အတည်ပြုထားတဲ့ ဂိမ်း ၄ ခုမှာ Doom Eternal, Cyberpunk 2077, Gods & Monsters နဲ့ Watch Dogs: Legion တို့ ဖြစ်ပေမယ့် ရက်အတိအကျကို မသိရသေးပါဘူး။ Game Awards မှာ Doom နဲ့ Cyberpunk တို့လို ဂိမ်းတွေ မပါလာခဲ့တဲ့အတွက် Stadia Fans တချို့ စိတ်ပူခဲ့ကြပါတယ်။ ၂၀၂၀ မှာ ဂိမ်း အသစ်တွေ ဖြန့်ချိမယ့် နေ့ကို Google ဘယ်တော့ ပြောမလဲဆိုတာ Gamer တွေ စောင့်မျှော်နေကြပါတယ်။

Ref : theverge

[Zawgyi]

Google Stadia မွာ ဂိမ္းအသစ္ ၃ ခုကို ကစားႏုိင္ၿပီ

Google ရဲ႕ Stadia Cloud Gaming ၀န္ေဆာင္မႈမွာ Borderlands 3 နဲ႔ Dragon Ball Xenoverse 2 အပါအ၀င္ ဂိမ္း အသစ္ေတြကို ထည့္သြင္းေပးလိုက္ပါတယ္။ ေနာက္ရက္ပိုင္းမွာ Tom Clancy’s Ghost Recon Breakpoint ကို ကစားႏိုင္ေတာ့မွာ ျဖစ္ၿပီး ပူးတြဲ ကစားႏုိင္ေအာင္ ကစားေဖာ္ေတြရဲ႕ စကရင္ကို ကစားသူေတြက ၾကည့္ႏုိင္တဲ့ Google ရဲ႕ Stream Connect လုပ္ေဆာင္ခ်က္ကို ပထမဆံုး သံုးႏုိင္တဲ့ ဂိမ္း ျဖစ္လာပါတယ္။ အဲဒီ လုပ္ေဆာင္ခ်က္ရဲ႕ အလုပ္လုပ္ပံုကို ေအာက္က စကရင္ေရွာ့မွာ ၾကည့္ပါ။

ဒါေပမယ့္ Borderlands 3 ရဲ႕ Developer ျဖစ္တဲ့ Gearbox Software က Stadia က ဗားရွင္းမွာ ေအာက္တိုဘာက ထုတ္တဲ့ Content နဲ႔ Bug Fixes ေတြပဲ ပါတယ္လို႔ ေျပာတဲ့အတြက္ သိပ္ေတာ့ မမိုက္ပါဘူး။ “ ၂၀၂၀ အေစာပိုင္းမွာ Borderlands 3 ရဲ႕ ဗားရွင္းအားလံုးမွာ လုပ္ေဆာင္ခ်က္ေတြ ညီမွ်ေအာင္ လုပ္ေပးမွာပါ။ “ လို႔ေတာ့ ကုမၸဏီက ေျပာပါတယ္။ အဲဒီ ဂိမ္းဟာ 30 fps သာ ေထာက္ပံ့ၿပီး 60 fps ကို မေထာက္ပံ့ဘူးလို႔ သတင္းထြက္ေနပါတယ္။

Google က မူလကေတာ့ ဂိမ္းမ်ားစြာနဲ႔ Stadia ကို မိတ္ဆက္ဖို႔ ရည္ရြယ္ထားပါတယ္။ ဒါေပမယ့္ အႀကိဳ မိတ္ဆက္ပြဲမွာ ဂိမ္း ၂၂ ခုကိုေတာင္ ေၾကညာေပးခဲ့တဲ့အတြက္ ဒီႏွစ္ထဲမွာ ဂိမ္း ၄ ခုပဲ မိတ္ဆက္ေပးႏုိင္ခဲ့ပါတယ္။ အဲဒါေတြထဲမွာ Borderlands, Dragon Ball နဲ႔ Ghost Recon Breakpoint ဂိမ္း ၃ ခုပါၿပီး ဒီလ ၅ ရက္ေန႔မွာ Darksiders Genesis ကို ျဖန္႔ခ်ိေပးခဲ့ပါတယ္။

၂၀၂၀ မွာ ျဖန္႔ခ်ိေပးဖို႔ Google အတည္ျပဳထားတဲ့ ဂိမ္း ၄ ခုမွာ Doom Eternal, Cyberpunk 2077, Gods & Monsters နဲ႔ Watch Dogs: Legion တို႔ ျဖစ္ေပမယ့္ ရက္အတိအက်ကို မသိရေသးပါဘူး။ Game Awards မွာ Doom နဲ႔ Cyberpunk တို႔လို ဂိမ္းေတြ မပါလာခဲ့တဲ့အတြက္ Stadia Fans တခ်ိဳ႕ စိတ္ပူခဲ့ၾကပါတယ္။ ၂၀၂၀ မွာ ဂိမ္း အသစ္ေတြ ျဖန္႔ခ်ိမယ့္ ေန႔ကို Google ဘယ္ေတာ့ ေျပာမလဲဆိုတာ Gamer ေတြ ေစာင့္ေမွ်ာ္ေနၾကပါတယ္။

Ref : theverge