[Zawgyi]

Google Photos ဟာ AI အင္ဂ်င္နဲ႔ပတ္သက္ၿပီး နာမည္ႀကီးသလို၊ ဓါတ္ပုံေတြကိုရွာေဖြတဲ့ေနရာမွာ အေရာင္၊ တိရိစာၦန္၊ မ်က္ႏွာခံစားခ်က္အမူအရာ စတဲ့သတ္မွတ္ခ်က္ေတြကိုအသုံးျပဳၿပီး ရွာေဖြႏိုင္စြမ္းမွာလည္း နာမည္ႀကီးပါတယ္။ အခုလည္း Google Photos က ေနာက္ထပ္ အထာက်တဲ့လုပ္ေဆာင္ခ်က္တစ္ခု ထည့္သြင္းဖို႔ ႀကိဳးစားေနျပန္ပါတယ္။

သုံးစြဲသူဟာ ကိုယ္ရွာခ်င္တဲ့ပုံအတြက္ ႐ုပ္ပုံထဲက စာသားေတြအသုံးျပဳၿပီးေတာ့လည္း ရွာေဖြႏိုင္တဲ့လုပ္ေဆာင္ခ်က္ကို Google Photos က အေကာင္အထည္ေဖာ္ေနတာ ျဖစ္ပါတယ္။ ဒါတင္မကေသးဘဲ တည္းျဖတ္ျပဳျပင္ႏိုင္ဖို႔ Plain form ကိုလည္း ေထာက္ပံ့ေပးဦးမယ္လို႔ သိရပါတယ္။ ဒီသတင္းကို တြစ္တာမွာရွိတဲ့ Google Photos တရားဝင္အေကာင့္က ေရးသားထားတာျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ Google Photos app ထဲသြား၊ Screenshot ဒါမွမဟုတ္ ဓါတ္ပုံထဲက ကိုယ္သိတဲ့စာသားကို႐ိုက္ထည့္ၿပီး ရွာေဖြလို႔ရပါတယ္။ အကယ္၍ ေကာ္ပီကူးခ်င္တယ္ဆိုရင္ေတာ့ ေအာက္ေျခက Lens button ကို ကလစ္တစ္ခ်က္ႏွိပ္ၿပီး ေပၚလာတဲ့ Copy/Paste ကို ေ႐ြးခ်ယ္အသုံးျပဳႏိုင္ပါတယ္။

ဒါေပမယ့္ ရွာေဖြမႈျပဳလုပ္ရာမွာ အားနည္းခ်က္အခ်ိဳ႕ရွိေနတယ္လို႔လည္း သိရပါတယ္။ ရွာေဖြတဲ့ေနရာမွာ လက္ေရးဆက္လို႔ လူသိမ်ားတဲ့ ေရးဟန္နဲ႔စာလုံးေတြ၊ အတိုေကာက္စာလုံးေတြဆိုရင္ေတာ့ သိပ္ၿပီးအဆင္မေျပဘူးလို႔လည္း ဆိုပါတယ္။

Google Photos ရဲ႕ Search-by-text လုပ္ေဆာင္ခ်က္ဟာ Desktop browser မွာလည္း အလုပ္လုပ္ပါတယ္။ ဒါေပမယ့္ Lens ကိုေတာ့ အသုံးျပဳႏိုင္မွာ မဟုတ္ပါဘူး။ ဒါ့အျပင္ လႈိင္းတြန႔္လို စကားလုံးေတြနဲ႔ ႏိုင္ငံရပ္ျခား သေကၤတေတြကို ရွာေဖြဖို႔ဆိုရင္လည္း သိပ္ၿပီးအဆင္မေျပေသးဘူးလို႔ သိရပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ လူသိမ်ားတဲ့ Font ေတြနဲ႔ ပရင့္ထုတ္ထားတဲ့စာသားေတြကေတာ့ အေကာင္းဆုံးလုပ္ေဆာင္ႏိုင္တယ္လို႔လည္း သိရပါတယ္။ ဒီဝန္ေဆာင္မႈဟာ အခုမွ အစျပဳတာျဖစ္တဲ့အတြက္ ၿပီးျပည့္စုံတဲ့ ဝန္ေဆာင္မႈျဖစ္လာဖို႔ေတာ့ အခ်ိန္အတိုင္းအတာတစ္ခုထိ ေစာင့္ဆိုင္းရဖြယ္ ရွိေနပါေသးတယ္။

Ref: GSM Arena

[Unicode]

ပုံထဲက စာသားတွေနဲ့ ရှာဖွေနိုင်တဲ့လုပ်ဆောင်ချက်ကို Google စတင်အကောင်အထည်ဖော်

Google Photos ဟာ AI အင်ဂျင်နဲ့ပတ်သက်ပြီး နာမည်ကြီးသလို၊ ဓါတ်ပုံတွေကိုရှာဖွေတဲ့နေရာမှာ အရောင်၊ တိရိစ္ဆာန်၊ မျက်နှာခံစားချက်အမူအရာ စတဲ့သတ်မှတ်ချက်တွေကိုအသုံးပြုပြီး ရှာဖွေနိုင်စွမ်းမှာလည်း နာမည်ကြီးပါတယ်။ အခုလည်း Google Photos က နောက်ထပ် အထာကျတဲ့လုပ်ဆောင်ချက်တစ်ခု ထည့်သွင်းဖို့ ကြိုးစားနေပြန်ပါတယ်။

သုံးစွဲသူဟာ ကိုယ်ရှာချင်တဲ့ပုံအတွက် ရုပ်ပုံထဲက စာသားတွေအသုံးပြုပြီးတော့လည်း ရှာဖွေနိုင်တဲ့လုပ်ဆောင်ချက်ကို Google Photos က အကောင်အထည်ဖော်နေတာ ဖြစ်ပါတယ်။ ဒါတင်မကသေးဘဲ တည်းဖြတ်ပြုပြင်နိုင်ဖို့ Plain form ကိုလည်း ထောက်ပံ့ပေးဦးမယ်လို့ သိရပါတယ်။ ဒီသတင်းကို တွစ်တာမှာရှိတဲ့ Google Photos တရားဝင်အကောင့်က ရေးသားထားတာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ Google Photos app ထဲသွား၊ Screenshot ဒါမှမဟုတ် ဓါတ်ပုံထဲက ကိုယ်သိတဲ့စာသားကိုရိုက်ထည့်ပြီး ရှာဖွေလို့ရပါတယ်။ အကယ်၍ ကော်ပီကူးချင်တယ်ဆိုရင်တော့ အောက်ခြေက Lens button ကို ကလစ်တစ်ချက်နှိပ်ပြီး ပေါ်လာတဲ့ Copy/Paste ကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။

ဒါပေမယ့် ရှာဖွေမှုပြုလုပ်ရာမှာ အားနည်းချက်အချို့ရှိနေတယ်လို့လည်း သိရပါတယ်။ ရှာဖွေတဲ့နေရာမှာ လက်ရေးဆက်လို့ လူသိများတဲ့ ရေးဟန်နဲ့စာလုံးတွေ၊ အတိုကောက်စာလုံးတွေဆိုရင်တော့ သိပ်ပြီးအဆင်မပြေဘူးလို့လည်း ဆိုပါတယ်။

Google Photos ရဲ့ Search-by-text လုပ်ဆောင်ချက်ဟာ Desktop browser မှာလည်း အလုပ်လုပ်ပါတယ်။ ဒါပေမယ့် Lens ကိုတော့ အသုံးပြုနိုင်မှာ မဟုတ်ပါဘူး။ ဒါ့အပြင် လှိုင်းတွန့်လို စကားလုံးတွေနဲ့ နိုင်ငံရပ်ခြား သင်္ကေတတွေကို ရှာဖွေဖို့ဆိုရင်လည်း သိပ်ပြီးအဆင်မပြေသေးဘူးလို့ သိရပါတယ်။

လက်ရှိအချိန်မှာတော့ လူသိများတဲ့ Font တွေနဲ့ ပရင့်ထုတ်ထားတဲ့စာသားတွေကတော့ အကောင်းဆုံးလုပ်ဆောင်နိုင်တယ်လို့လည်း သိရပါတယ်။ ဒီဝန်ဆောင်မှုဟာ အခုမှ အစပြုတာဖြစ်တဲ့အတွက် ပြီးပြည့်စုံတဲ့ ဝန်ဆောင်မှုဖြစ်လာဖို့တော့ အချိန်အတိုင်းအတာတစ်ခုထိ စောင့်ဆိုင်းရဖွယ် ရှိနေပါသေးတယ်။

Ref: GSM Arena