Unicode

အမေရိကန်အခြေစိုက် အင်တာနက်ဘီလူးကြီး Google ဟာ တူရကီနိုင်ငံ မိုဘိုင်းဈေးကွက်သို့ ဖြန့်ချိမယ့် စမတ်ဖုန်းတွေအားလုံးအတွက် Google Mobile Services လိုင်စင်ထုတ်ပေးမှုကို ရပ်တန့်လိုက်ပြီဖြစ်ပါတယ်။

ဒီပိတ်ပင်မှုဟာ တူရကီပြည်တွင်း စမတ်ဖုန်းထုတ်လုပ်သူတွေသာမက မည်သည့် Android စမတ်ဖုန်း ထုတ်လုပ်သူကိုမဆို သက်ရောက်မှုရှိစေမှာဖြစ်ပါတယ်။ အခုဖြစ်ရပ်ဟာ ၂၀၁၉ ထဲမှာ ပွဲဆူခဲ့တဲ့ တရုတ်-အမေရိကန် ကုန်သွယ်ရေးစစ်ပွဲနဲ့ မသက်ဆိုင်ဘဲ တူရကီပြည်တွင်းမှာ ဖုန်းတွေအတွက် Default Search Engine ရွေးချယ်မှုကနေ စတင်ခဲ့ပါတယ်။

လက်ရှိဝယ်ယူသုံးစွဲပြီးဖြစ်နေတဲ့ စမတ်ဖုန်းတွေကတော့ ပုံမှန်အတိုင်း အလုပ်လုပ်သွားမှာဖြစ်ပေမယ့် Google ဟာ တူရကီပြည်တွင်းက စမတ်ဖုန်းတွေအတွက် သက်ဆိုင်ရာ OS Update တွေကိုလည်း ထုတ်ပေးတော့မှာ မဟုတ်တာကြောင့် ပြဿနာရှိလာနိုင်ပါတယ်။

ရုရှားအခြေစိုက် အင်တာနက်ကုမ္ပဏီဖြစ်တဲ့ Yandex ဟာ Google အနေနဲ့ သူတို့ရဲ့ Software ဖြန့်ချိရေး သဘောတူညီချက်ထဲမှာ ပါဝင်တဲ့ Default Search Engine ကို ဖုန်းသုံးစွဲသူတွေ စိတ်ကြိုက်ရွေးချယ်နိုင်ခွင့်ရှိရမယ် ဆိုတာကို ချိုးဖောက်နေကြောင်း တိုင်ကြားခဲ့ရာက ဇာတ်လမ်းစခဲ့တာဖြစ်ပြီး တူရကီရဲ့ ဈေးကွက်ပြိုင်ဆိုင်မှုဆိုင်ရာ တရားစီရင်ရေးအဖွဲ့က Yandex ကို အနိုင်ပေးပြီး Google ကို လျှော်ကြေး ဒေါ်လာ ၁၇.၄ သန်း ပေးဆောင်စေခဲ့ပါတယ်။

Google ဟာ ပြောင်းလဲမှုအချို့ ပြုလုပ်ပေးခဲ့ပေမယ့်် တူရကီရဲ့ တရားစီရင်မှုကိုတော့ ကျေနပ်ပုံမပေါ်ပါဘူး။ တူရကီ တရားရုံးက Google ကို Android ဖုန်းတွေမှာ Default Search Engine ကို သုံးစွဲသူစိတ်ကြိုက်ရွေးချယ်နိုင်ခွင့်ရတဲ့ထိ မပြောင်းရသေးသရွေ့ တစ်နေ့ကို Google ရဲ့အမြတ်ငွေထဲက 0.05% ကိုပါ ထပ်မံပေးဆောင်စေရန် ဆုံးဖြတ်ခဲ့လို့ပါ။ ဒါကို တရားရင်ဆိုင်ဖို့ Google အား အချိန်ရက်ခြောက်ဆယ် သတ်မှတ်ပေးထားပါတယ်။

Google ရဲ့လုပ်ရပ်ဟာ တူရကီအစိုးရအဖွဲ့ကို ဖိအားပေးလိုက်တာဖြစ်တယ်လို့ တူရကီပြည်တွင်း မီဒီယာတွေက ဖော်ပြလာခဲ့ပါတယ်။

Ref – GSM Arena

Zawgyi

အေမရိကန္အေျခစိုက္ အင္တာနက္ဘီလူးႀကီး Google ဟာ တူရကီႏုိင္္ငံ မုိဘုိင္းေစ်းကြက္သုိ႔ ျဖန္႔ခ်ိမယ့္ စမတ္ဖုန္းေတြအားလုံးအတြက္ Google Mobile Services လုိင္စင္ထုတ္ေပးမႈကို ရပ္္တန္႔လိုက္ၿပီျဖစ္ပါတယ္။

ဒီပိတ္ပင္မႈဟာ တူရကီျပည္တြင္း စမတ္ဖုန္းထုတ္လုပ္သူေတြသာမက မည္သည့္ Android စမတ္ဖုန္း ထုတ္လုပ္သူကိုမဆုိ သက္ေရာက္္မႈရွိေစမွာျဖစ္ပါတယ္။ အခုျဖစ္ရပ္ဟာ ၂၀၁၉ ထဲမွာ ပြဲဆူခဲ့တဲ့ တရုတ္-အေမရိကန္ ကုန္သြယ္္ေရးစစ္ပြဲနဲ႔ မသက္္ဆုိင္ဘဲ တူရကီျပည္တြင္းမွာ ဖုန္းေတြအတြက္ Default Search Engine ေရြးခ်ယ္မႈကေန စတင္ခဲ့ပါတယ္။

လက္ရွိဝယ္ယူသုံးစြဲၿပီးျဖစ္ေနတဲ့ စမတ္ဖုန္္းေတြကေတာ့ ပုံမွန္အတုိင္း အလုပ္လုပ္သြားမွာျဖစ္ေပမယ့္ Google ဟာ တူရကီျပည္တြင္းက စမတ္ဖုန္းေတြအတြက္ သက္ဆုိင္ရာ OS Update ေတြကိုလည္း ထုတ္ေပးေတာ့မွာ မဟုတ္တာေၾကာင့္ ျပႆနာရွိလာႏုိင္ပါတယ္။

ရုရွားအေျခစုိက္ အင္္တာနက္ကုမၸဏီျဖစ္တဲ့ Yandex ဟာ Google အေနနဲ႔ သူတုိ႔ရဲ႕ Software ျဖန္႔ခ်ိေရး သေဘာတူညီခ်က္ထဲမွာ ပါဝင္တဲ့ Default Search Engine ကို ဖုန္းသုံးစြဲသူေတြ စိတ္ႀကိဳက္ေရြးခ်ယ္ႏုိင္ခြင့္ရွိရမယ္ ဆုိတာကို ခ်ဳိးေဖာက္ေနေၾကာင္း တုိင္ၾကားခဲ့ရာက ဇာတ္လမ္းစခဲ့တာျဖစ္ၿပီး တူရကီရဲ႕ ေစ်းကြက္ၿပိဳင္ဆုိင္မႈဆုိင္္ရာ တရားစီရင္ေရးအဖြဲ႕က Yandex ကုိ အႏုိင္ေပးၿပီး Google ကို ေလွ်ာ္ေၾကး ေဒၚလာ ၁၇.၄ သန္း ေပးေဆာင္္ေစခဲ့ပါတယ္။

Google ဟာ ေျပာင္းလဲမႈအခ်ဳိ႕ ျပဳလုပ္ေပးခဲ့ေပမယ့္္ တူရကီရဲ႕ တရားစီရင္မႈကိုေတာ့ ေက်နပ္ပုံမေပၚပါဘူး။ တူရကီ တရားရုံးက Google ကို Android ဖုန္းေတြမွာ Default Search Engine ကို သုံးစြဲသူစိတ္ႀကိဳက္ေရြးခ်ယ္ႏုိင္ခြင့္ရတဲ့ထိ မေျပာင္းရေသးသေရြ႕ တစ္ေန႔ကို Google ရဲ႕အျမတ္ေငြထဲက 0.05% ကိုပါ ထပ္မံေပးေဆာင္ေစရန္ ဆုံးျဖတ္ခဲ့လို႔ပါ။ ဒါကို တရားရင္ဆုိင္ဖို႔ Google အား အခ်ိန္ရက္ေျခာက္္ဆယ္ သတ္မွတ္ေပးထားပါတယ္။

Google ရဲ႕လုပ္ရပ္ဟာ တူရကီအစုိးရအဖြဲ႕ကို ဖိအားေပးလိုက္တာျဖစ္တယ္လို႔ တူရကီျပည္တြင္း မီဒီယာေတြက ေဖာ္ျပလာခဲ့ပါတယ္။

Ref – GSM Arena