[Zawgyi]

Google ဟာ Android Q မွာ ယာဥ္မေတာ္တဆမႈကို အလိုအေလ်ာက္ေထာက္လွမ္းသိရွိႏိုင္မယ့္ Feature သစ္ ထည့္သြင္းဖို႔ စမ္းသပ္ေနတယ္လို႔ သိရပါတယ္။ လက္ရွိထြက္ေပၚလာတဲ့ သတင္းေတြအရ Pixel ဖုန္းေတြအတြက္ ထည့္သြင္းေပးဖို႔လည္း ျဖစ္တယ္လို႔ သိရပါတယ္။

Android Q Beta 3 ရဲ႕ Safety Hub App မွာ ယာဥ္မေတာ္တဆမႈကို အလိုအေလွ်ာက္ ေထာက္လွမ္းသိရွိႏိုင္မယ့္ Function ပါဝင္ေနေၾကာင္း XDA-Developers က ရွာေဖြေတြ႕ရွိခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္ လက္တေလာသိရွိရသေလာက္ကေတာ့ ဒီ Function ဟာ Google Pixel ေတြအတြက္ပဲ ေထာက္ပံ့ေပးမွာျဖစ္ၿပီး အျခား Android ဖုန္းေတြမွာေတာ့ ရရွိမွာမဟုတ္ပါဘူး။

Safety Hub app ဟာ GPS ေဒတာကို အသုံးခ်ၿပီး ယာဥ္မေတာ္တဆမႈအတြက္ ေထာက္လွမ္းဖြယ္ရွိတယ္လို႔ သိရပါတယ္။ ဖုန္းကိုင္ေဆာင္ထားသူဟာ ကားထဲမွာရွိေနခ်ိန္ ႐ုတ္တရက္၊ ဒါမွမဟုတ္ ခပ္ၾကမ္းၾကမ္းရပ္တန႔္သြားတာကို Accelerometer က သတိျပဳမိတာနဲ႔တစ္ၿပိဳင္နက္၊ မိုက္ခ႐ိုဖုန္းကလည္း ယာဥ္မေတာ္တဆျဖစ္တဲ့အသံကို အလိုအေလ်ာက္ ဖမ္းယူမယ္လို႔ ယူဆရပါတယ္။

ဒီလိုပုံစံနဲ႔ Google AI Machine Learning ကိုအသုံးျပဳၿပီး အခ်က္အလက္ေတြစုစည္းကာ ယာဥ္မေတာ္တဆျဖစ္တယ္လို႔ ဆုံးျဖတ္ၿပီးတဲ့ေနာက္ Google Assistant က အေရးေပၚဆက္သြယ္ရာ ဌာန၊ ဒါမွမဟုတ္ Emergency Contact ေတြကို ဖုန္းေခၚဆိုေပးသြားဖြယ္ရွိတယ္လို႔ သိရွိရပါတယ္။  Google ဟာ Pixel ဖုန္းေတြမွာ Night Sight, Always Listening, Call Screening တို႔လို တစ္မူထူးျခားေကာင္းမြန္တဲ့ Feature ေတြ ေထာက္ပံ့ေပးေနတာပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ လာမယ့္ Google Pixel 4 ေတြမွာ ဒီ Feature ကိုလည္း ေတြ႕ျမင္လာမယ္လို႔ ခန႔္မွန္းရပါတယ္။

Ref: Android Authority

[Unicode]

ယာဉ်မတော်တဆဖြစ်ခြင်းကို အလိုအလျောက်သိနိုင်ဖို့ Android Q မှာ စမ်းသပ်နေတဲ့ Google

Google ဟာ Android Q မှာ ယာဉ်မတော်တဆမှုကို အလိုအလျောက်ထောက်လှမ်းသိရှိနိုင်မယ့် Feature သစ် ထည့်သွင်းဖို့ စမ်းသပ်နေတယ်လို့ သိရပါတယ်။ လက်ရှိထွက်ပေါ်လာတဲ့ သတင်းတွေအရ Pixel ဖုန်းတွေအတွက် ထည့်သွင်းပေးဖို့လည်း ဖြစ်တယ်လို့ သိရပါတယ်။

Android Q Beta 3 ရဲ့ Safety Hub App မှာ ယာဉ်မတော်တဆမှုကို အလိုအလျှောက် ထောက်လှမ်းသိရှိနိုင်မယ့် Function ပါဝင်နေကြောင်း XDA-Developers က ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်တလောသိရှိရသလောက်ကတော့ ဒီ Function ဟာ Google Pixel တွေအတွက်ပဲ ထောက်ပံ့ပေးမှာဖြစ်ပြီး အခြား Android ဖုန်းတွေမှာတော့ ရရှိမှာမဟုတ်ပါဘူး။

Safety Hub app ဟာ GPS ဒေတာကို အသုံးချပြီး ယာဉ်မတော်တဆမှုအတွက် ထောက်လှမ်းဖွယ်ရှိတယ်လို့ သိရပါတယ်။ ဖုန်းကိုင်ဆောင်ထားသူဟာ ကားထဲမှာရှိနေချိန် ရုတ်တရက်၊ ဒါမှမဟုတ် ခပ်ကြမ်းကြမ်းရပ်တန့်သွားတာကို Accelerometer က သတိပြုမိတာနဲ့တစ်ပြိုင်နက်၊ မိုက်ခရိုဖုန်းကလည်း ယာဉ်မတော်တဆဖြစ်တဲ့အသံကို အလိုအလျောက် ဖမ်းယူမယ်လို့ ယူဆရပါတယ်။

ဒီလိုပုံစံနဲ့ Google AI Machine Learning ကိုအသုံးပြုပြီး အချက်အလက်တွေစုစည်းကာ ယာဉ်မတော်တဆဖြစ်တယ်လို့ ဆုံးဖြတ်ပြီးတဲ့နောက် Google Assistant က အရေးပေါ်ဆက်သွယ်ရာ ဌာန၊ ဒါမှမဟုတ် Emergency Contact တွေကို ဖုန်းခေါ်ဆိုပေးသွားဖွယ်ရှိတယ်လို့ သိရှိရပါတယ်။ Google ဟာ Pixel ဖုန်းတွေမှာ Night Sight, Always Listening, Call Screening တို့လို တစ်မူထူးခြားကောင်းမွန်တဲ့ Feature တွေ ထောက်ပံ့ပေးနေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် လာမယ့် Google Pixel 4 တွေမှာ ဒီ Feature ကိုလည်း တွေ့မြင်လာမယ်လို့ ခန့်မှန်းရပါတယ်။

Ref: Android Authority