YouTube Video တွေဟာ Third-party App သို့မဟုတ် Service အကူအညီမပါပဲနဲ့ အလွယ်တကူ Download ရယူနိုင်ခြင်းမရှိသေးဘူးဖြစ်ပါတယ်။ ဒါပေမယ့် Mobile App အသုံးပြုမယ်ဆိုရင်တော့ တချို့သော YouTube Video တွေကို Offline Download အနေနဲ့ သိမ်းဆည်းထားလို့ရမှာဖြစ်ပါတယ်။

အခုလည်း Google ကနေ အဆိုပါ Mobile Device တွေအတွက် Download ပြုလုပ်ရတာ ပိုပြီးလွယ်ကူစေမယ့် Feature တစ်ခုကို စမ်းသပ်နေပြီလို့ သိရပါတယ်။ ဒါကိုတော့ “Cross Device Offline Settings” လို့ နာမည်ပေးထားပြီး တခြားသော Mobile Device တွေမှာပါ ဘယ် Video တွေကို Download ပြုလုပ်မယ်ဆိုပြီး သတ်မှတ်ပေးနိုင်မှာပါ။

အဲ့ဒီအတွက် ဖုန်း သို့မဟုတ် Mobile Device တွေကို တစ်ခုထက်ပိုပြီး အသုံးပြုနေရတဲ့သူတွေအတွက် အသုံးဝင်တဲ့ Feature တစ်ခုဖြစ်လာနိုင်ပါတယ်။ ဒီ Cross Device Offline Settings အတွက် ကိုယ့်ရဲ့ Device နာမည်တွေကိုလည်း စိတ်ကြိုက်ပြန်လည်သတ်မှတ်နိုင်မယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း လောလောဆယ်မှာ YouTube ဟာ ယခု Feature ကို YouTube Premium အသုံးပြုသူတွေဆီမှာပဲ စမ်းသပ်နေတာဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် Background Playback လိုမျိုးပဲ Premium ဝယ်ယူအသုံးပြုသူတွေအတွက်ပဲ သီးသန့် Feature တစ်ခုဖြစ်လာနိုင်ခြေပိုများနေပါတယ်။

Ref – Phone Arena