[Zawgyi]

Google I/O မွာ Live Caption လုပ္ေဆာင္ခ်က္ကို ေၾကညာခဲ့ပါတယ္။ ဒီလုပ္ေဆာင္ခ်က္က Audio ကို Subtitle အျဖစ္ ေျပာင္းေပးၿပီး Screen မွာ ျပသေပးပါတယ္။ ႏုိင္ငံျခား ရုပ္ရွင္၊ ဗီဒီယိုေတြ ၾကည့္ရင္ အရမ္းမိုက္မွာပါ။ အခုေတာ့ XDA-Developers က အဲဒီ လုပ္ေဆာင္ခ်က္ရဲ႕ အလုပ္လုပ္ပံု ဗီဒီယိုကို မွ်ေ၀လိုက္ၿပီး Live Caption က Audio ေတြကို အခ်ိန္နဲ႔ တစ္ေျပးညီ စာတန္းထိုးေပးတာကို ျမင္ရပါတယ္။

Live Caption ကို Android 10 ပါတဲ့ ဖုန္း တခ်ိဳ႕မွာ ထည့္သြင္းေပးထားမွာ ျဖစ္ၿပီး လာမယ့္ ၂ ပတ္အတြင္းမွာ ေၾကညာမယ့္ Pixel 4 ေတြဟာ ဒီလုပ္ေဆာင္ခ်က္ပါတဲ့ ပထမဆံုး ဖုန္းေတြ ျဖစ္လာႏိုင္ပါတယ္။ Pixel 4 XL ကေန ရိုက္ကူးထားတဲ့ Screenshot ေတြအရ ဒီလုပ္ေဆာင္ခ်က္ကို Set Up လုပ္ရတာ လြယ္ကူၿပီး Notification Center မွာ Toggle ကိုေတာင္ ထည့္သြင္းထားႏုိင္ပါတယ္။ လက္ရွိမွာ အဂၤလိပ္ အသံထြက္ေတြကိုသာ စာတန္းထိုးေပးႏုိင္ၿပီး မၾကာခင္မွာ တျခား ဘာသာစကားေတြကို ေထာက္ပံ့လာမွာပါ။ အဲဒီ လုပ္ေဆာင္ခ်က္ကို Sound Panel ကေနသာမက Accessibility Menu ကေနလည္း သံုးႏုိင္ပါတယ္။

XDA က YouTube, Google Photos, Amazon Prime Video နဲ႔ Netflix တို႔က Screenshot ေတြကို ျပသထားၿပီး အဲဒီ App ေတြ အားလံုးမွာ အလုပ္လုပ္ပါတယ္။ Google က ဒီလုပ္ေဆာင္ခ်က္ကို Offline သံုးႏုိင္တယ္လို႔ ေျပာပါတယ္။ ေခတ္ေပၚ Rapper ေတြရဲ႕ သီခ်င္းေတြကိုလည္း အခ်ိန္နဲ႔ တစ္ေျပးညီ စာတန္းထိုးေပးႏုိင္မလားဆိုတာ စိတ္၀င္စားစရာေကာင္းပါတယ္။

Memory နဲ႔ Space လိုအပ္ခ်က္ေတြေၾကာင့္ Live Caption ကို စြမ္းရည္ျမင့္ ဖုန္း အနည္းငယ္မွာသာ ထည့္သြင္းေပးႏုိင္ပါတယ္။ လက္ရွိမွာ Android 10 ပါတဲ့ ပထမဆံုး ဖုန္း ျဖစ္တဲ့ OnePlus 7T မွာ ဒီလုပ္ေဆာင္ခ်က္ မပါလာပါဘူး။ အဲဒီအတြက္ အကန္႔အသတ္နဲ႔သာ ထည့္သြင္းေပးႏုိင္ပါတယ္။ ဒီလို အလန္းစား လုပ္ေဆာင္ခ်က္ကို ဖုန္းတိုင္းမွာ မရႏုိင္တာကေတာ့ ၀မ္းနည္းစရာပါ။

Ref : gsmarena

[Unicode]

Google က Pixel 4 Device တွေမှာ Live Caption လုပ်ဆောင်ချက် ထည့်ထားနိုင်

Google I/O မှာ Live Caption လုပ်ဆောင်ချက်ကို ကြေညာခဲ့ပါတယ်။ ဒီလုပ်ဆောင်ချက်က Audio ကို Subtitle အဖြစ် ပြောင်းပေးပြီး Screen မှာ ပြသပေးပါတယ်။ နိုင်ငံခြား ရုပ်ရှင်၊ ဗီဒီယိုတွေ ကြည့်ရင် အရမ်းမိုက်မှာပါ။ အခုတော့ XDA-Developers က အဲဒီ လုပ်ဆောင်ချက်ရဲ့ အလုပ်လုပ်ပုံ ဗီဒီယိုကို မျှဝေလိုက်ပြီး Live Caption က Audio တွေကို အချိန်နဲ့ တစ်ပြေးညီ စာတန်းထိုးပေးတာကို မြင်ရပါတယ်။

Live Caption ကို Android 10 ပါတဲ့ ဖုန်း တချို့မှာ ထည့်သွင်းပေးထားမှာ ဖြစ်ပြီး လာမယ့် ၂ ပတ်အတွင်းမှာ ကြေညာမယ့် Pixel 4 တွေဟာ ဒီလုပ်ဆောင်ချက်ပါတဲ့ ပထမဆုံး ဖုန်းတွေ ဖြစ်လာနိုင်ပါတယ်။ Pixel 4 XL ကနေ ရိုက်ကူးထားတဲ့ Screenshot တွေအရ ဒီလုပ်ဆောင်ချက်ကို Set Up လုပ်ရတာ လွယ်ကူပြီး Notification Center မှာ Toggle ကိုတောင် ထည့်သွင်းထားနိုင်ပါတယ်။ လက်ရှိမှာ အင်္ဂလိပ် အသံထွက်တွေကိုသာ စာတန်းထိုးပေးနိုင်ပြီး မကြာခင်မှာ တခြား ဘာသာစကားတွေကို ထောက်ပံ့လာမှာပါ။ အဲဒီ လုပ်ဆောင်ချက်ကို Sound Panel ကနေသာမက Accessibility Menu ကနေလည်း သုံးနိုင်ပါတယ်။

XDA က YouTube, Google Photos, Amazon Prime Video နဲ့ Netflix တို့က Screenshot တွေကို ပြသထားပြီး အဲဒီ App တွေ အားလုံးမှာ အလုပ်လုပ်ပါတယ်။ Google က ဒီလုပ်ဆောင်ချက်ကို Offline သုံးနိုင်တယ်လို့ ပြောပါတယ်။ ခေတ်ပေါ် Rapper တွေရဲ့ သီချင်းတွေကိုလည်း အချိန်နဲ့ တစ်ပြေးညီ စာတန်းထိုးပေးနိုင်မလားဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။

Memory နဲ့ Space လိုအပ်ချက်တွေကြောင့် Live Caption ကို စွမ်းရည်မြင့် ဖုန်း အနည်းငယ်မှာသာ ထည့်သွင်းပေးနိုင်ပါတယ်။ လက်ရှိမှာ Android 10 ပါတဲ့ ပထမဆုံး ဖုန်း ဖြစ်တဲ့ OnePlus 7T မှာ ဒီလုပ်ဆောင်ချက် မပါလာပါဘူး။ အဲဒီအတွက် အကန့်အသတ်နဲ့သာ ထည့်သွင်းပေးနိုင်ပါတယ်။ ဒီလို အလန်းစား လုပ်ဆောင်ချက်ကို ဖုန်းတိုင်းမှာ မရနိုင်တာကတော့ ဝမ်းနည်းစရာပါ။

Ref : gsmarena