Google ဟာ Video Conference Call တွေအတွက် Google Meet ကို မိတ်ဆက်ထားသလို ပုံမှန် Video Call တွေအတွက်လည်း Google Duo ကို ထုတ်ပေးထားတာဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ Google ကနေ အဆိုပါ Video Call Service ၂ မျိုးကို တစ်ခုတည်းအနေနဲ့ ပေါင်းစပ်တော့မှာပါ။

ဒီသတင်းကို Google ကိုယ်တိုင်ကနေ စမတ်ဖုန်းတွေအတွက် Meet နဲ့ Duo Service ၂ ခုကို “Meet” လို့ အမည်ပေးထားတဲ့ Platform တစ်ခုတည်းအနေနဲ့ ပူးပေါင်းသွားမယ်လို့ တရားဝင်ပြောကြားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အခုပေါင်းစပ်မှုဟာ Mobile Platform အတွက်ပဲဖြစ်တာကြောင့် Android နဲ့ iOS တွေအတွက်ပဲ အဓိကဖြစ်မယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ Google Meet ဟာ လူအယောက် ၂၅၀ အထိအသုံးပြုနိုင်တဲ့ Video Conference Service တစ်ခုဖြစ်ပြီး Google Duo ကတော့ အသိမိတ်ဆွေအချင်းချင်းအသုံးပြုနိုင်ဖို့ ရည်ရွယ်တဲ့ Personal Video Call Service တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် အသစ်ပေါင်းစပ်လိုက်မယ့် Meet Video Platform ဟာ ဘယ်လိုမျိုးဖြစ်လာမလဲဆိုတာက စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

ဒါပေမယ့် Google Duo ဟာ အားသာချက်အနေနဲ့ကတော့ Meet လိုမျိုး Web Link ထုတ်ပေးစရာမလိုအပ်ဘဲ ကိုယ့် Contact ကို တိုက်ရိုက်ခေါ်ဆိုနိုင်တာဖြစ်ပါတယ်။ Google ရဲ့ ပြောကြားချက်အရတော့ Google Duo App ကို Meet လို့ နာမည်ပြောင်းလဲခေါ်ဆိုသွားမှာဖြစ်ပြီး Original Google Meet ကိုတော့ “Meet Original” လို့ ပြောင်းလဲခေါ်ဆိုသွားမယ်လို့ သိရပါတယ်။

Ref – Gizmo China