Google က နောက်မျိုးဆက် Android 12 Mobile OS ကို ဖန်တီးနေပြီး ပြီးခဲ့တဲ့ ၁ ပတ်က Final Beta Build ကို ထုတ်ပေးလိုက်ပါတယ်။ ဒါဟာ လာမယ့် ရက်သတ္တပတ် အနည်းငယ်အတွင်း Stable Version ကို ဖြန့်ချိပေးတော့မယ့် သဘော ဖြစ်ပါတယ်။

Android 12 Logo Featured A

Google က Android 12 Stable Version ဖြန့်ချိမယ့် နေ့ရက် အတိအကျကို မပြောသေးပေမယ့် XDA Developers က Android 12 ကို Pixel စမတ်ဖုန်းတွေအတွက် အောက်တိုဘာလ ၄ ရက်နေ့ ဖြန့်ချိနိုင်တယ်လို့ သတင်းပေးလာပါတယ်။

Google က အောက်တိုဘာလ ၄ ရက်နေ့မှာ Android 12 OS ရဲ့ Source Code ကို Android Open Source Project (AOSP) မှာ ဖြန့်ချိမယ်လို့ ထင်ရပါတယ်။ ထုံးစံအတိုင်းဆိုရင် အဲဒီနေ့မှာပဲ Android 12 ကို Pixel ဖုန်းတွေအတွက် ထုတ်ပေးမှာပါ။

Android 12 featured

Android 12 မှာ တိုးတက်ပြောင်းလဲမှုများစွာနဲ့ လုပ်ဆောင်ချက် အသစ်တွေ ထည့်သွင်းထားပြီး User Interface ကို ဆန်းသစ်ထားသလို လုံခြုံရေး အသားပေး လုပ်ဆောင်ချက်တွေ ပိုများလာပါတယ်။ Android 12 Beta ကို လက်ရှိမှာ Google Pixel Series နဲ့ Xiaomi , realme , OPPO , OnePlus , Asus , Samsung ဖုန်းတွေအတွက် ထုတ်ပေးထားပါတယ်။

Google က Android 12 ရဲ့ Minor Update ကိုလည်း ဖန်တီးနေတယ်လို့ သတင်းထွက်နေပြီး အဲဒါက Android 12.1 ဖြစ်ပါတယ်။ Android 12.1 ကို Pixel 6 Series ဖုန်းတွေကြေညာအပြီး မကြာခင် ဖြန့်ချိနိုင်ပါတယ်။

Ref : gizmochina