Microsoft ရဲ့ Windows 11 OS ဟာ အောက်တိုဘာလ ၅ ရက်နေ့ဆိုရင် တရားဝင်ထွက်ရှိလာပြီဖြစ်ပါတယ်။ Windows 11 ဟာ Design ပိုင်းအရလည်း ယခင် Windows 10 ကနေ သိသိသာသာပြောင်းလဲထားသလို Feature အသစ်တွေလည်းအများအပြားပါဝင်လာမှာဖြစ်ပါတယ်။

အခုလည်း လက်ရှိမှာ လူသုံးအများဆုံး Web Browser တစ်ခုဖြစ်တဲ့ Google Chrome ကလည်း Windows 11 ရဲ့ UI Design နဲ့ ကြိုက်ညီဖို့အတွက် Chrome Browser ရဲ့ UI Design ကို Update ပြုလုပ်လိုက်ပြီဖြစ်ပါတယ်။ ဒါကတော့ တခြား Browser Design ထက် Browser အတွင်းမှာ Right-click ပြုလုပ်ပြီး ရွေးချယ်ရတဲ့ Menu Style ကို ပြောင်းလဲထားတာဖြစ်ပါတယ်။ အဲ့ဒါကြောင့် Menu ဟာ Windows 11 ရဲ့ Right-click Menu ပုံစံအတိုင်း Transparent Design ဖြစ်လာမှာပါ။

ဒါတင်မဟုတ်သေးဘဲ Browser Design တွေကလည်း Rounded Corner တွေဖြစ်လာမှာဖြစ်ပြီး တခြားသော UI ပြောင်းလဲမှုတွေလည်းရှိလာမယ်လို့ သိရပါတယ်။ ဒါပေမယ့် အခုလိုမျိုး Windows 11 UI အတိုင်း Design အသစ်ပြောင်းလဲမှုက Experimental Feature တစ်ခုဖြစ်တာကြောင့် Google Chrome Canary Version အသုံးပြုသူတွေပဲ စမ်းသပ်နိုင်ဦးမှာဖြစ်ပါတယ်။

Microsoft ကလည်း အခုလိုမျိုး Windows 11 ရဲ့ UI Design ပုံစံ Context Menu တွေ၊ တခြားသော Feature တွေကို Application တွေမှာ ထည့်သွင်းတာက စက်ကို Performance ကျသွားစေမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။ အဲ့ဒီအတွက် တကယ်လို့ Google Chrome Canary Version အသုံးပြုနေတယ်ဆိုရင် Chrome://flags Page ကို ဝင်ရောက်ပြီး Windows 11 Style Menu Option ကို Enable ပြုလုပ်ပြီး စမ်းသပ်နိုင်မှာဖြစ်ပါတယ်။

Google Chrome ဟာ အခုနောက်ပိုင်းမှာ Feature အသစ်တွေကို ဆက်တိုက်ထည့်သွင်းထားပြီး ကိုယ်ဝင်ကြည့်တဲ့ Website တွေကို Topic အလိုက် အလိုအလျောက် Group ခွဲပေးနိုင်မယ့် Smart Group Feature ကိုလည်း စမ်းသပ်နေတယ်လို့ သိရပါတယ်။

Ref – Giz China