Android Flagship စမတ်ဖုန်းတွေဟာ အခုအချိန်မှာ RAM တွေကိုအများအပြားထည့်သွင်းလာကြပြီးတော့ အခုဆိုရင် RAM 16GB သို့မဟုတ် RAM 12GB အထိပါဝင်လာပြီဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Mid Range ဖုန်းတွေမှာတောင် RAM 8GB လောက်ကို ထည့်သွင်းနေလာကြပါပြီ။

ဒါပေမယ့်လည်း Budget ဖုန်းတွေနဲ့ Android Go ဖုန်းတွေကတော့ RAM 2GB လောက်ပဲပါဝင်ပြီးတော့ တစ်ခါတလေမှာ RAM 1GB နဲ့တောင်မိတ်ဆက်နေကြတာဖြစ်ပါတယ်။ ဒါပေမယ့် လာမယ့် ၂၀၂၀ ခုနှစ် စတုတ္ထ ၃ လပတ်ကနေစတင်ပြီးတော့ ဒါကပြောင်းလဲသွားတော့မှာပါ။

ဘာကြောင့်လဲဆိုရင် Google ကနေ ၂၀၂၀ ခုနှစ် စတုတ္ထ ၃ လပတ် (သို့မဟုတ်) Android 11 OS ကို အသုံးပြုပြီး ရောင်းချမယ့် စမတ်ဖုန်းအကုန်လုံးမှာ အနိမ့်ဆုံး RAM 2GB ပါဝင်ဖို့လိုအပ်တယ်ဆိုပြီး သတ်မှတ်လိုက်တာကြောင့်ဖြစ်ပါတယ်။ အဆိုပါသတင်းကိုတော့ XDA Developer ကနေတစ်ဆင့်ပေါက်ကြားလာတဲ့ Document ကနေ သိရှိခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အခုသတ်မှတ်ချက်ဟာ ပုံမှန် Android OS ကိုအသုံးပြုထားတဲ့ စမတ်ဖုန်းတွေအတွက်ပဲ အကျုံးဝင်ပြီးတော့ RAM 2GB အောက်ပဲ အသုံးပြုလာမယ်ဆိုရင် Android Go ဖုန်းအနေနဲ့ပဲ ထုတ်လုပ်သွားရမှာဖြစ်တယ်လို့ သိရပါတယ်။ ဒီလိုမျိုး Android Go ဖုန်းအနေနဲ့ ပြောင်းလဲတဲ့အချိန်မှာလည်း MRs သို့မဟုတ် Letter Upgrade နဲ့ပဲ ပြောင်းလဲနိုင်မှာမဟုတ်ဘူးလို့ ဖော်ပြသွားခဲ့ပါတယ်။

အဲ့ဒီအတွက် Android Go ဖုန်းတွေအနေနဲ့ RAM 2GB အထိပါဝင်လာတော့မှာဖြစ်ပြီး ယခင်တုန်းက Android Go ဖုန်းတွေထက် ပိုပြီး မြန်ဆန်လာဖွယ်ရှိနေပါတယ်။ ဒါပေမယ့် စျေးနှုန်းအရလည်း အနည်းငယ်ပိုမြင့်တက်နိုင်ပါသေးတယ်။

နောက်ထပ် Google ရဲ့ သတ်မှတ်ချက်တစ်ခုကတော့ Android 11 ကနေစတင်ပြီးတော့ Google Mobile Services (GMS) ထည့်သွင်းချင်တယ်ဆိုရင် အနည်းဆုံး RAM 1GB ခန့်ပါဝင်ဖို့လိုအပ်မှာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် နောက်ပိုင်းမှာ Android 11 နဲ့အတူ Google Service Feature Update အများအပြားပါဝင်လာဖွယ်ရှိနေပါတယ်။

Ref – 9to5Google