Huawei စမတ်ဖုန်းတွေဟာ ပြီးခဲ့တဲ့ Mate 30 Pro စမတ်ဖုန်းတွေက စတင်ပြီးတော့ Google ရဲ့ Services တွေနဲ့ App တွေကို တရားဝင်အသုံးပြုနိုင်ခြင်းမရှိတော့ပါဘူး။ ဒါပေမယ့်လည်း Xiaomi China ROM ဖုန်းတွေလိုမျိုး သီးခြားထည့်သွင်းပြီး အသုံးပြုနိုင်တဲ့နည်းလမ်းတွေအများအပြားရှိနေတာပဲဖြစ်ပါတယ်။

အခုအချိန်မှာတေ့ာ Google ကိုယ်တိုင်ကနေ ဒီလိုမျိုး Huawei စမတ်ဖုန်းတွေမှာ GMS ကို သီးခြားထည့်သွင်းတဲ့အပေါ် သတိပေးလိုက်ပါပြီ။ Google ရဲ့ ပြောကြားချက်အရတော့ ဒီလိုမျိုး သီးသန့်ထည့်သွင်းမယ်ဆိုရင်လည်း ကောင်းစွာအလုပ်လုပ်နိုင်မှာမဟုတ်ဘူးလို့ သိရပါတယ်။ ဒါ့အပြင် နောက်ထွက်ရှိမယ့် Huawei ဖုန်းတွေမှာဆိုရင် နဂိုအနေနဲ့လည်း ထည့်သွင်းပေးထားမှာမဟုတ်သလို သီးခြားထည့်သွင်းနိုင်မှာမဟုတ်ဘူးဆိုပြီးလည်း ပြောကြားခဲ့တာပါ။

နောက်ထပ်လည်း အခုလိုမျိုး Google App နဲ့ Services တွေကို သီးခြားထည့်သွင်းတာတွေက လုံခြုံရေးပိုင်းတွေမှာ ထိခိုက်လာနိုင်တယ်လို့လည်း ဖော်ပြခဲ့ပါသေးတယ်။ Google ကပြောသလိုမျိုး နောက်လာမယ့် Huawei ဖုန်းတွေမှာ Google Apps တွေကို သီးခြားထည့်သွင်းလို့ရမှာမဟုတ်တော့ဘူးဆိုတာက မကြာခင်မိတ်ဆက်မယ့် P40 Series ဖုန်းတွေပါဝင်မလားဆိုတာကိုတော့ အတည်ပြုသွားခြင်းမရှိခဲ့ပါဘူး။

လက်ရှိအချိန်မှာ Huawei ကနေ Huawei Mobile Services (HMS) ဆိုပြီး သီးသန့် Ecosystem တစ်ခုကို ပြုလုပ်နေပေမယ့် Application တွေကို Download ပြုလုပ်ရမယ့် AppGallery လိုမျိုး Store တွေမှာ Google Play Store လောက် App မစုံသေးတာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် Google App မဟုတ်တဲ့ တခြား App တွေကို သီးခြား Download ပြုလုပ်ပြီး ထည့်သွင်းမယ်ဆိုရင်လည်း လုံခြုံမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါသေးတယ်။

ဘာပဲဖြစ်ဖြစ် Google ဟာ Play Store မှာရှိတဲ့ App တွေကို Play Protect နဲ့ စစ်ဆေးနိုင်သလို ယုံကြည်ရဖွယ်မရှိတဲ့ App တွေကိုလည်း ဖြုတ်ချနေတဲ့ Google ရဲ့ ပြောကြားချက်ကလည်း အထိုက်အလျောက်မှန်ကန်တယ်လို့ ပြောရမှာပါ။

Ref – Android Authority