[Zawgyi]
တကယ်တော့ Google ဟာ အသုံးပြုသူတွေကို Wi-Fi အလကားပေးသုံးတယ်ဆိုတာ သူတို့ရဲ့ ကြော်ငြာတွေကို ထိထိရောက်ရောက် ဖြစ်စေချင်လို့ပါ။ အဲ့ဒီလိုမျိုး ကြော်ငြာဖို့အတွက်ကိုလည်း Brands စုစုပေါင်း ၄၀၀ကျော်အထိ ပိုင်ဆိုင်ထားတဲ့ Unilever ကုမ္ပဏီနဲ့ ချိတ်ဆက်ထားတယ်လို့ သိရပါတယ်။
Ref : Android Authority
[Unicode]
ဖိလစ်ပိုင်မှာလည်း Google ရဲ့ Free Wi-Fi သုံးလို့ရတော့မည်
Google အနေနဲ့ သူတို့ရဲ့ Google Station Program ကို ဖိလစ်ပိုင်မှာ တိုးချဲ့တော့မှာဖြစ်ကြောင်း “ Google for Philippines “ ညီလာခံမှာ ပြောကြားခဲ့ပါတယ်။ Google Station က ကားဂိတ်၊ ဘူတာရုံနဲ့ လေဆိပ်တို့လိုမျိူး လူဦးရေထူထပ်တဲ့ နေရာတွေမှာ Wi-Fi Hotspots တွေကို Free ထုတ်လွှင့်ပေးတာဖြစ်ပြီး၊ နိုင်ငံတချိူ့မှာ ရယူသုံးစွဲနိုင်ပါတယ်။ Google Station Program ကို ရယူသုံးစွဲနိုင်တဲ့ နိုင်ငံတွေကတော့ အိန္ဒိယ၊ အင်ဒိုနီးရှား၊ နိုင်ဂျီးရီးယားနဲ့ ထိုင်းနိုင်ငံတို့ ဖြစ်ပြီး ယခုအခါ ဖိလစ်ပိုင်နိုင်ငံမှာပါ ထပ်မံတိုးချဲ့လိုက်ပြီ ဖြစ်ပါတယ်။
Google Station ရဲ့ Free Wi-Fi Hotspots တွေကို ဖိလစ်ပိုင်နိုင်ငံအတွင်းရှိ လူဦးရေထူထပ်တဲ့ နေရာ ၅၀မှာ စတင်ထုတ်လွှင့်သွားမှာဖြစ်ပြီး၊ ထုတ်လွှင့်မှုကိုတော့ ဖေဖော်ဝါရီ လကုန်မှာ စတင်မယ်လို့ သိရပါတယ်။ အဆိုပါ နေရာ ၅၀ထဲက နေရာတော်တော်များများဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ အဓိကမြို့ကြီးတွေဖြစ်တဲ့ မနီလာနဲ့ ကီဇွန်မြို့ကြီးတွေမှာ ဖြစ်ပြီး၊ နောက်ပိုင်းမှာတော့ တခြားမြို့တွေနဲ့ လူဦးရေထူထပ်တဲ့နေရာတွေကို ထပ်မံတိုးချဲ့ သွားနိုင်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာ ထုတ်လွှင့်ပေးသွားမယ့် Google ရဲ့ Free Wi-Fi ကို အသုံးပြုမယ်ဆိုရင် မိနစ် ၃၀ ပြည့်သွားပါက နောက်ထပ်တစ်ကြိမ် Sign In ပြန်လုပ်ပေးရမယ်လို့ သိရပါတယ်။ Google အနေနဲ့ သူတို့ရဲ့ Wi-Fi ကွန်ရက်ကြီးကို ဖိလစ်ပိုင်နိုင်ငံမှာ လွှမ်းခြုံနိုင်ဖို့အတွက် ဖိလစ်ပိုင်နိုင်ငံအခြေစိုက် ဆက်သွယ်ရေး ကုမ္ပဏီကြီးတွေဖြစ်တဲ့ PLDT ကုမ္ပဏီ၊ Smart ကုမ္ပဏီတို့နဲ့ မဟာမိတ်ဖွဲ့ပြီး ပူးပေါင်းလုပ်ဆောင်ခဲ့ရတာ ဖြစ်ပါတယ်။
တကယ်တော့ Google ဟာ အသုံးပြုသူတွေကို Wi-Fi အလကားပေးသုံးတယ်ဆိုတာ သူတို့ရဲ့ ကြော်ြငာတွေကို ထိထိရောက်ရောက် ဖြစ်စေချင်လို့ပါ။ အဲ့ဒီလိုမျိူး ကြော်ငြာဖို့အတွက်ကိုလည်း Brands စုစုပေါင်း ၄၀၀ကျော်အထိ ပိုင်ဆိုင်ထားတဲ့ Unilever ကုမ္ပဏီနဲ့ ချိတ်ဆက်ထားတယ်လို့ သိရပါတယ်။
Ref : Android Authority