[Zawgyi]

Google ဟာ အသုံးျပဳသူေတြရဲ႕ သြားလာလႈပ္ရွားမႈအခ်က္အလက္ေတြကို ေျခရာခံျခင္းနဲ႔ပတ္သက္ၿပီး Privacy ေ႐ြးခ်ယ္မႈအသစ္ကို ထုတ္လႊတ္ေပးလိုက္ၿပီ ျဖစ္ပါတယ္။ ဒီေ႐ြးခ်ယ္မႈအသစ္ေၾကာင့္ လာမယ့္ ရက္သတၱပတ္ေတြမွာ အသုံးျပဳသူဟာ အခ်က္အလက္ေတြကို သတ္မွတ္ခ်ိန္အတြင္း ဖ်က္ပစ္လို႔ ရေတာ့မွာ ျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ အသုံးျပဳသူေတြစာ Activity data ေတြကို ဖ်က္ပစ္လို႔ရတယ္ဆိုေပမယ့္ အလိုအေလ်ာက္ ဖ်က္ႏိုင္တာမဟုတ္ဘဲ Manually သာ ဖ်က္ေနရတာ ျဖစ္ပါတယ္။ အနာဂတ္မွာေတာ့ အသုံးျပဳသူက သူ႔ရဲ႕ အခ်က္အလက္ေတြကို သုံးလၾကာတိုင္း၊ ဒါမွမဟုတ္ ၁၈ လၾကာတိုင္း အလိုအေလ်ာက္ ဖ်က္ပစ္ေပးဖို႔ ၫႊန္ၾကားထားလို႔ ရေတာ့မွာပါ။

Feature သစ္ ထြက္လာတဲ့အခ်ိန္မွာ ကိုယ့္ရဲ႕ ရွိခဲ့ဖူးတဲ့တည္ေနရာသမိုင္းအျပင္ Web နဲ႔ App ရဲ႕ လႈပ္ရွားမႈေတြကိုပါ ဖ်က္ပစ္ႏိုင္ေတာ့မွာပါ။ Google အေနနဲ႔ အသုံးျပဳသူေတြရဲ႕ အခ်က္အလက္ေတြ ေျခရာခံထားျခင္းကို အလိုအေလ်ာက္ ဖ်က္ႏိုင္မယ့္ Function ကို မိတ္ဆက္ေပးလာမွာ ျဖစ္ပါတယ္။

Google ဟာ Location history နဲ႔ Web data ေတြကို အသုံးျပဳၿပီး အသုံးျပဳသူေတြအတြက္ ပိုမိုလြယ္ကူမႈကို ေထာက္ပံ့ေပးသလို၊ ေၾကာ္ျငာရွင္ေတြအတြက္လည္း ထိေရာက္မႈကို ရယူေပးပါတယ္။ ဥပမာအားျဖင့္ အသုံးျပဳသူရဲ႕ Location history အရ ယခင္သြားေရာက္ခဲ့ဖူးတဲ့ စားေသာက္ဆိုင္ကိုအေျခခံၿပီး လက္ရွိေရာက္ေနရာမွာ သြားေရာက္သင့္တဲ့ စားေသာက္ဆိုင္ကို အႀကံျပဳလမ္းၫႊန္ေပးတာမ်ိဳး ျဖစ္ပါတယ္။

Ref: Android Authority

[Unicode]

Location History ကို အလိုအလျောက် ဖျက်ပေးတော့မယ့် Google

Google ဟာ အသုံးပြုသူတွေရဲ့ သွားလာလှုပ်ရှားမှုအချက်အလက်တွေကို ခြေရာခံခြင်းနဲ့ပတ်သက်ပြီး Privacy ရွေးချယ်မှုအသစ်ကို ထုတ်လွှတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။ ဒီရွေးချယ်မှုအသစ်ကြောင့် လာမယ့် ရက်သတ္တပတ်တွေမှာ အသုံးပြုသူဟာ အချက်အလက်တွေကို သတ်မှတ်ချိန်အတွင်း ဖျက်ပစ်လို့ ရတော့မှာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ အသုံးပြုသူတွေစာ Activity data တွေကို ဖျက်ပစ်လို့ရတယ်ဆိုပေမယ့် အလိုအလျောက် ဖျက်နိုင်တာမဟုတ်ဘဲ Manually သာ ဖျက်နေရတာ ဖြစ်ပါတယ်။ အနာဂတ်မှာတော့ အသုံးပြုသူက သူ့ရဲ့ အချက်အလက်တွေကို သုံးလကြာတိုင်း၊ ဒါမှမဟုတ် ၁၈ လကြာတိုင်း အလိုအလျောက် ဖျက်ပစ်ပေးဖို့ ညွှန်ကြားထားလို့ ရတော့မှာပါ။

Feature သစ် ထွက်လာတဲ့အချိန်မှာ ကိုယ့်ရဲ့ ရှိခဲ့ဖူးတဲ့တည်နေရာသမိုင်းအပြင် Web နဲ့ App ရဲ့ လှုပ်ရှားမှုတွေကိုပါ ဖျက်ပစ်နိုင်တော့မှာပါ။ Google အနေနဲ့ အသုံးပြုသူတွေရဲ့ အချက်အလက်တွေ ခြေရာခံထားခြင်းကို အလိုအလျောက် ဖျက်နိုင်မယ့် Function ကို မိတ်ဆက်ပေးလာမှာ ဖြစ်ပါတယ်။

Google ဟာ Location history နဲ့ Web data တွေကို အသုံးပြုပြီး အသုံးပြုသူတွေအတွက် ပိုမိုလွယ်ကူမှုကို ထောက်ပံ့ပေးသလို၊ ကြော်ငြာရှင်တွေအတွက်လည်း ထိရောက်မှုကို ရယူပေးပါတယ်။ ဥပမာအားဖြင့် အသုံးပြုသူရဲ့ Location history အရ ယခင်သွားရောက်ခဲ့ဖူးတဲ့ စားသောက်ဆိုင်ကိုအခြေခံပြီး လက်ရှိရောက်နေရာမှာ သွားရောက်သင့်တဲ့ စားသောက်ဆိုင်ကို အကြံပြုလမ်းညွှန်ပေးတာမျိုး ဖြစ်ပါတယ်။

Ref: Android Authority