Google ဟာ ပြီးခဲ့တဲ့ ၂ နှစ်တုန်းက Android 9 နဲ့အတူ Digital Wellbeing Feature ကို မိတ်ဆက်သွားခဲ့ပါတယ်။ အဆိုပါ Digital Wellbeing Feature ဟာ တစ်နေ့တာအသုံးပြုတဲ့ App တွေ၊ Screentime Feature တွေအပြင် နောက်ပိုင်းမှာပါ ညဘက်ကို ဖုန်း Display ကို Grayscale ပြောင်းလဲပေးနိုင်တဲ့ Windown Mode ၊ Foucs Mode တို့ဆိုပြီး ဆက်တိုက်ကို Feature အသစ်တွေထည့်သွင်းပေးလာတာဖြစ်ပါတယ်။

အခုလည်း Google ကနေ အဆိုပါ Digital Wellbeing Feature ကို အသုံးဝင်တဲ့ Feature တွေထပ်မံထည့်သွင်းပေးသွားတော့မှာဖြစ်ပါတယ်။ အဆိုပါ Feature တွေကတော့ Sleep Habit Tracking နဲ့ Night Notes Feature တွေလို့ သိရပါတယ်။

အရင်ဆုံး Sleep Habit Tracking Feature ကတော့ လက်ရှိ Smartwatch တွေ၊ Fitness Tracker တွေနဲ့ တချို့သောစမတ်ဖုန်းတွေမှာ ပါဝင်သလိုမျိုးပဲ ဖုန်းရဲ့ Motion Sensor နဲ့ Default Clock App တို့ကို အသုံးပြုပြီး အိပ်တဲ့အချိန်ကို တွက်ချက်ပေးမှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ ညမအိပ်ခင်မှာ ဘယ်လိုမျိုး App တွေကို အသုံးအများဆုံးဆိုတာကိုပါ ဖော်ပြသွားမှာပါ။

နောက်ထပ် Night Notes Feature ကတော့ ညဘက်တရေးနိုးတဲ့အချိန်မှာ Notes မှတ်တတ်တဲ့သူတွေအတွက် ရည်ရွယ်တယ်လို့တောင် ပြောနိုင်ပြီးတော့ ညဘက်မှာ ရေးမှတ်ထားတဲ့ Notes တွေကို မနက်နိုးတာနဲ့ အဆိုပါ Digital Wellbeing Feature ကနေ ပြန်ပြီး ဖတ်ကြည့်မလားဆိုပြီး မေးသွားမယ်လို့ သိရပါတယ်။

ဒါတင်မဟုတ်သေးဘဲ တကယ်လို့ အခုလိုမျိုး Digital Wellbeing Feature က Data တွေရယူနေတာကို မကြိုက်ဘူးဆိုရင်လည်း Daily Device Usage ကို ပိတ်ပစ်နိုင်တဲ့ Feature ကို ထည့်သွင်းပေးသွားတော့မှာဖြစ်ပါတယ်။ အဆိုပါ Feature အသစ်တွေဟာ လာမယ့် Android 11 Update နဲ့အတူ ပါဝင်လာနိုင်ခြေများနေပါတယ်။

Ref – GSM Arena