Google ရဲ့ Android OS ဟာ Open Source OS တစ်ခုဖြစ်သလို အလွန်လွယ်ကူတဲ့အတွက် Android OS ကိုပဲ မျိုးစုံပြင်ဆင်ထားတဲ့ Custom ROM တွေကို Developer အများအပြားက ထုတ်လုပ်နေတာပဲဖြစ်ပါတယ်။ အခုအချိန်မှာတော့ Custom ROM တွေကို အသုံးပြုဖို့က ယခင်ကလောက်လွယ်ကူမှာမဟုတ်လောက်ပါဘူး။

ဘာဖြစ်လို့လဲဆိုရင် Google ကနေ ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်နေ့နောက်ပိုင်းမှာ ထွကရှိထားတဲ့ Custom ROM တွေအသုံးပြုထားတဲ့ Devices တွေကို Uncertified Devices တွေဆိုပြီး Google Applications တွေနဲ့ Google Services တွေထဲကို ဝင်ရောက်လို့ မရအောင် ပိတ်ပင်နေတာပဲဖြစ်ပါတယ်။

Google က အခုလိုမျိုး ပိတ်ပင်နေတာက Custom ROM တွေအတွက် အဓိကဖြစ်ပြီးတော့ Factory Reset ချချင်တယ်ဆိုရင် Device ID ကို ပြန်လည် Register လုပ်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ အခုလိုမျိုး Device ID ကို Register လုပ်တဲ့နေရာမှာလည်း အကြိမ်ရေ ၁၀၀ ပဲရနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

Google ကိုယ်တိုင်ကတော့ အခုလိုမျိုး Certified ပြုလုပ်ခံထားရခြင်းမရှိတဲ့ Devices တွေပေါ်ကို Application တွေ အသုံးပြုလို့မရအောင် ပိတ်ပင်နေတာက Custom ROM တွေကို Google ဆီမှာ စာရင်းသွင်းပြီးမှ အသုံးပြုလို့ရအောင် ပြုလုပ်ချင်တဲ့ပုံပါပဲ။