ယူကရိန်းက Android သုံးစွဲသူတွေဟာ သူတို့ အနီးအနားမှာ လေကြောင်း တိုက်ခိုက်မှုတွေ ဖြစ်လာတော့မယ်လို့ ခန့်မှန်းမိရင် ဖုန်းတွေမှာ ကြိုတင် အသိပေးမှုတွေရတော့မယ်လို့ Google က ကြေညာလိုက်ပါတယ်။ Google က Android ဖုန်းတွေမှာ အသိပေးတဲ့ စနစ် ထည့်သွင်းပေးဖို့ ယူကရိန်း အစိုးရနဲ့ ပူးပေါင်းလုပ်ဆောင်နေတယ်လို့ ပြောပြီး အဲဒီ လုပ်ဆောင်ချက်ကို XDA-Developers က အရင်ဆုံးတွေ့ရှိခဲ့တာပါ။

Google could be integrating Air Raid Alerts into Play Services

Google က ယူကရိန်း ပြည်သူ သန်းပေါင်းများစွာဟာ ဘေးကင်းစေဖို့အတွက် လေကြောင်းတိုက်ခိုက်မှု အသိပေးချက်တွေကို မှီခိုနေရပါတယ်လို့ သတင်းထုတ်ပြန်လိုက်ပါတယ်။ ယူကရိန်း အစိုးရက လက်ရှိ ပေးပို့နေတဲ့ အသိပေးချက်ကို အခြေခံကာ ဖန်တီးထားမှာ ဖြစ်ပြီး ငလျင်လှုပ်တာကို လျှင်မြန်စွာ သတိပေးတဲ့ စနစ်ကနေ ဆင့်ပွား ပြုလုပ်ထားတာလို့ Android Engineering ရဲ့ ဒုတိယ ဥက္ကဌ Dave Burke က ပြောပါတယ်။ Google ရဲ့ လေကြောင်း တိုက်ခိုက်မှု အသိပေး စနစ်ကို စတင် ဖြန့်ချိပေးလိုက်ပြီ ဖြစ်ပြီး လာမယ့် ရက်အနည်းငယ်မှာ ယူကရိန်းက Android ဖုန်း အားလုံးမှာ ရရှိမှာ ဖြစ်ပါတယ်။

Google is rolling out airstrike alerts on Ukrainian Android phones - Gearrice

ရုရှားက ယူကရိန်းကို ကျူးကျော်စစ် စတင် ဆင်နွှဲချိန်ကတည်းက Google ဟာ ရုရှားမှာ ကြော်ငြာ ရောင်းချမှု ရပ်နားတာ၊ ရုရှား အစိုးရပိုင် မီဒီယာ App တွေကို ဥရောပက Play Store ကနေ ဖယ်ရှားတာတို့ အပါအဝင် ဝန်ဆောင်မှုတွေကို ရပ်နားခဲ့ပါတယ်။

Google က “ ရုရှားက ယူကရိန်းကို ကျူးကျော်တာဟာ ရာဇဝတ်မှု ဖြစ်ပြီး ကုမ္ပဏီရဲ့ ထုတ်ကုန်တွေကနေ ယူကရိန်း ပြည်သူတွေကို ထောက်ပံ့ကူညီပေးမှာပါ။ ဆိုက်ဘာ တိုက်ခိုက်မှုတွေကနေ ကာကွယ်ပေးမှာ ဖြစ်ပြီး မှန်ကန်တဲ့ သတင်းအချက်အလက်တွေကို ပံ့ပိုးပေးမှာပါ။ ကျွန်တော်တို့ ဝန်ထမ်းတွေနဲ့ မိသားစုတွေ ဘေးကင်းအောင် ပြုလုပ်ပေးမှာပါ။ “ လို့ မတ်လ ၁ ရက်နေ့က ထုတ်ပြန်ကြေညာထားပါတယ်။

Ref : theverge