Google ဟာ သူတို့ရဲ့ Game Streaming ဝန်ဆောင်မှုဖြစ်တဲ့ Stadia ကို ဖျက်သိမ်းတော့မယ်လို့ ကြေညာလိုက်ပါတယ်။ ဝန်ဆောင်မှုကို လာမဲ့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့ကစပြီး ပိတ်ချလိုက်တော့မှာ ဖြစ်ပါတယ်။

Google ဟာ သုံးစွဲသူတွေကို Hardware နဲ့ Software ဝယ်ယူမှုအားလုံးအတွက် ပြန်အမ်းပေးမယ်လို့ သိရပါတယ်။ Stadia controller ဝယ်ယူသူတွေဟာ ပြန်အမ်းငွေရမှာဖြစ်သလို ဂိမ်းနဲ့ Add-on content ဝယ်ယူထားသူတွေလည်း ပြန်အမ်းငွေ ရရှိမှာ ဖြစ်ပါတယ်။ ပြန်အမ်းငွေတွေကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလလယ်လောက်မှာ အပြီးသတ်သွားမယ်လို့ မျှော်လင့်ရပါတယ်။

Google ဟာ Stadia ရဲ့ နည်းပညာကို ကုမ္ပဏီရဲ့ အခြားအစိတ်အပိုင်းတွေဖြစ်တဲ့ YouTube, Google Play နဲ့ Augmented Reality (AR) တို့မှာ အသုံးပြုသွားမယ်လို့ ဆိုပါတယ်။ Stadia မှာ အလုပ်လုပ်နေကြတဲ့ အဖွဲ့ဝင်တွေအနေနဲ့ ကုမ္ပဏီရဲ့ အခြားနေရာတွေမှာ သူတို့ရဲ့အလုပ်တွေကို ဆက်လုပ်နေကြရမှာလည်း ဖြစ်ပါတယ်။

Google Stadia ကို ၂၀၁၉ ခုနှစ် မတ်လမှာ စတင်တည်ထောင်ခဲ့ပြီး ၂ နှစ်အကြာမှာ First-party game studio နဲ့ ထုတ်ကုန်ရဲ့ခေါင်းဆောင်ဟာ ကုမ္ပဏီကနေထွက်ခွာသွားကြောင်း ကြေညာခဲ့ပါတယ်။ ဒီနောက်ပိုင်းမှာ ဝန်ဆောင်မှုကို ခက်ခက်ခဲခဲ ဆက်လက်လည်ပတ်စေခဲ့ပေမဲ့ ၃ နှစ်နီးပါးအကြာမှာတော့ ပိတ်သိမ်းဖို့ ကြေညာလိုက်တာပဲ ဖြစ်ပါတယ်။

Stadia ကို ပိတ်သိမ်းလိုက်ပြီဆိုပေမဲ့ Microsoft, Nvidia နဲ့ Amazon တို့ကို ကတိလွန်ပြီးသားဖြစ်တာကြောင့် Cloud Gaming တစ်ခုလုံး ပျက်စီးသွားတာတော့ မဟုတ်ပါဘူး။ Google လိုပဲ Facebook ကလည်း iOS နဲ့ Android တွေပေါ်က သူ့ရဲ့ Streaming app ဖြစ်တဲ့ Facebook Gaming App ကို ပိတ်သိမ်းခဲ့ရဖူးပါတယ်။

Ref: GSM Arena