Google ကနေ ပြီးခဲ့တဲ့ Pixel 3 စမတ်ဖုန်းတွေမှာ 3D AR Sticker တွေကိုအသုံးပြုနိုင်တဲ့ Playground App ကို စတင်မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာတော့ Pixel စမတ်ဖုန်းအသစ်တွေမှာ Playground Feature ကို ဆက်လက်အသုံးပြုနိုင်မှာမဟုတ်တော့ဘူးလို့ သိရပါတယ်။

အဆိုပါသတင်းကို Android Police ကနေ ဖော်ပြထားတာဖြစ်ပြီး နောက်ပိုင်းမှာ Google ကနေပါ တရားဝင်အတည်ပြုပေးခဲ့တာဖြစ်ပါတယ်။ ဒီလိုမျိုး Playground နဲ့ AR Sticker တွေကို အသုံးပြုနိုင်ခြင်းမရှိတာက Pixel 4a ဖုန်းကနေ စတင်ခဲ့တာဖြစ်ပြီး လာမယ့် Pixel စမတ်ဖုန်းအသစ်တွေမှာလည်း ပါဝင်တေ့ာမှာမဟုတ်ပါဘူး။

အဲ့ဒီအတွက် Pixel 4a စမတ်ဖုန်းဟာ Playground Feature ကို အသုံးပြုချင်တယ်ဆိုရင် သီးသန့် Play Store ကနေ အသုံးပြုရမှာဖြစ်ပြီး Google Camera ကနေတော့ အသုံးပြုနိုင်မှာမဟုတ်ဘူးလို့ သိရပါတယ်။ Google ဟာ အဆိုပါ Playground AR Sticker တွေအတွက် Star Wars ၊ Disney ၊ Pokémon နဲ့ Childish Gambino လိုမျိုးပါ ထည့်သွင်းပေးခဲ့တာဖြစ်ပါတယ်။

Google ကတော့ အဆိုပါ Playground AR Sticker တွေကို အသုံးပြုသူတွေနည်းပါးလာတဲ့အတွက် အခုလိုမျိုး ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် Google အနေနဲ့ AR ပိုင်း Feature တွေကို Google Search နဲ့ Arts & Culture လိုမျိုး App တွေမှာ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

Ref – Android Authority