[Zawgyi]

Samsung, Huawei စတဲ့ နည္းပညာကုမၸဏီႀကီးႏွစ္ခုဟာ လက္ရွိအခ်ိန္မွာ Foldable ဖုန္းကိုယ္စီနဲ႔ ဦးေဆာင္ေနတယ္ဆိုေပမယ့္ အျခားနည္းပညာကုမၸဏီေတြကလည္း ကိုယ္ပိုင္ဒီဇိုင္းကိုယ္စီနဲ႔ Foldable ဖုန္းေတြ ထုတ္ဖို႔ ျပင္ဆင္ေနၾကပါတယ္။ အခုလည္း ဒီလိုျပင္ဆင္မႈေတြထဲကို ကမာၻ႔နည္းပညာကုမၸဏီႀကီး တစ္ခု ထပ္တိုးလာျပန္ပါၿပီ။

Google ကလည္း ၂၀၁၉ ရဲ႕ နည္းပညာလႈိင္းသစ္တစ္ခုျဖစ္တဲ့ Foldable လႈိင္းထဲကို ဝင္ေရာက္ဖို႔ ေျခလွမ္းျပင္ေနတယ္လို႔ ယူဆရပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ Google ရဲ႕ Foldable ဖုန္းဒီဇိုင္းကို မူပိုင္ခြင့္တင္ထားတဲ့ ပုံေတြ ေပါက္ၾကားထြက္ေပၚလာလို႔ပဲ ျဖစ္ပါတယ္။

Google ရဲ႕ မူပိုင္ခြင့္ဒီဇိုင္းေတြထဲမွာ သုံးေခါက္ခ်ိဳးပုံစံ ဒီဇိုင္းကို ေတြ႕ျမင္ရသလို၊ Motorola RAZR 2019 လိုမ်ိဳး ေဒါက္လိုက္ေခါက္ခ်ိဳးပုံစံဒီဇိုင္းနဲ႔ မူပိုင္ခြင့္ကိုလည္း ျမင္ေတြ႕ရပါတယ္။ ဒီဇိုင္းပုံေတြမွာေတာ့ Google ရဲ႕ Foldable ဖုန္းဟာ ေခါက္ထားခ်ိန္မွာ ေခါက္ရာအလယ္တည့္တည့္က ပူးကပ္မေနဘဲ ခပ္ဟဟျဖစ္ေနတာကိုလည္း ေတြ႕ရပါတယ္။

ဒီလိုမ်ိဳး ေခါက္ခ်ိဳးရာမွာ ေနရာလြတ္ျဖစ္ေပၚေနျခင္းက နည္းပညာပိုင္းဆိုင္ရာ လိုအပ္ခ်က္ရွိေနတာေၾကာင့္လား၊ ဒါမွမဟုတ္ ဒီဇိုင္းသေဘာအရပဲလားဆိုတာကိုေတာ့ ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။ ေနာက္တစ္ခ်က္က ဒီ မူပိုင္ခြင့္႐ုပ္ပုံေတြဟာ အမွန္တကယ္ထြက္ေပၚလာမယ့္ ဒီဇိုင္းနဲ႔ တစ္ထပ္တည္းက်ခ်င္မွ က်တာျဖစ္တဲ့အတြက္ Google Foldable ဖုန္းနဲ႔ပတ္သက္ၿပီး ထပ္မံေပါက္ၾကားလာတာေတြကို ေစာင့္ဆိုင္းရဦးမွာပဲ ျဖစ္ပါတယ္။

Ref: GSMArena

[Unicode]

Google ရဲ့ Foldable စမတ်ဖုန်းပုံစံ မူပိုင်ခွင့်ရုပ်ပုံများ ပေါက်ကြားလာ

Samsung, Huawei စတဲ့ နည်းပညာကုမ္ပဏီကြီးနှစ်ခုဟာ လက်ရှိအချိန်မှာ Foldable ဖုန်းကိုယ်စီနဲ့ ဦးဆောင်နေတယ်ဆိုပေမယ့် အခြားနည်းပညာကုမ္ပဏီတွေကလည်း ကိုယ်ပိုင်ဒီဇိုင်းကိုယ်စီနဲ့ Foldable ဖုန်းတွေ ထုတ်ဖို့ ပြင်ဆင်နေကြပါတယ်။ အခုလည်း ဒီလိုပြင်ဆင်မှုတွေထဲကို ကမ္ဘာ့နည်းပညာကုမ္ပဏီကြီး တစ်ခု ထပ်တိုးလာပြန်ပါပြီ။

Google ကလည်း ၂၀၁၉ ရဲ့ နည်းပညာလှိုင်းသစ်တစ်ခုဖြစ်တဲ့ Foldable လှိုင်းထဲကို ဝင်ရောက်ဖို့ ခြေလှမ်းပြင်နေတယ်လို့ ယူဆရပါတယ်။ ဘာကြောင့်လဲဆိုတော့ Google ရဲ့ Foldable ဖုန်းဒီဇိုင်းကို မူပိုင်ခွင့်တင်ထားတဲ့ ပုံတွေ ပေါက်ကြားထွက်ပေါ်လာလို့ပဲ ဖြစ်ပါတယ်။

Google ရဲ့ မူပိုင်ခွင့်ဒီဇိုင်းတွေထဲမှာ သုံးခေါက်ချိုးပုံစံ ဒီဇိုင်းကို တွေ့မြင်ရသလို၊ Motorola RAZR 2019 လိုမျိုး ဒေါက်လိုက်ခေါက်ချိုးပုံစံဒီဇိုင်းနဲ့ မူပိုင်ခွင့်ကိုလည်း မြင်တွေ့ရပါတယ်။ ဒီဇိုင်းပုံတွေမှာတော့ Google ရဲ့ Foldable ဖုန်းဟာ ခေါက်ထားချိန်မှာ ခေါက်ရာအလယ်တည့်တည့်က ပူးကပ်မနေဘဲ ခပ်ဟဟဖြစ်နေတာကိုလည်း တွေ့ရပါတယ်။

ဒီလိုမျိုး ခေါက်ချိုးရာမှာ နေရာလွတ်ဖြစ်ပေါ်နေခြင်းက နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်ရှိနေတာကြောင့်လား၊ ဒါမှမဟုတ် ဒီဇိုင်းသဘောအရပဲလားဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ နောက်တစ်ချက်က ဒီ မူပိုင်ခွင့်ရုပ်ပုံတွေဟာ အမှန်တကယ်ထွက်ပေါ်လာမယ့် ဒီဇိုင်းနဲ့ တစ်ထပ်တည်းကျချင်မှ ကျတာဖြစ်တဲ့အတွက် Google Foldable ဖုန်းနဲ့ပတ်သက်ပြီး ထပ်မံပေါက်ကြားလာတာတွေကို စောင့်ဆိုင်းရဦးမှာပဲ ဖြစ်ပါတယ်။

Ref: GSMArena