[Zawgyi]

Google ဟာ Pixel ဖုန္းေတြအတြက္ ေထာက္ပံ့ေပးထားတဲ့ Night Sight Feature ကိုအသုံးခ်ၿပီး iPhone ေတြကို ယွဥ္ၿပိဳင္ဖို႔ ေျခလွမ္းေတြစတင္ေနၿပီ ျဖစ္ပါတယ္။ Night Sight Feature ရဲ႕ အားသာခ်က္ကေတာ့ ညဘက္အေမွာင္ထဲမွာ ဓါတ္ပုံ႐ိုက္ရင္ Flash ဖြင့္စရာမလိုဘဲ သဘာဝအလင္းေရာင္နဲ႔ ၾကည္လင္ျပတ္သားစြာ ႐ိုက္ကူးႏိုင္တာပါ။ ေန႔ဘက္႐ိုက္ရင္လည္း အေမွာင္ရိပ္က်တဲ့ေနရာေတြကို အလိုအေလ်ာက္ အလင္းေရာင္ျဖည့္တင္း ခ်ိန္ညႇိေပးပါတယ္။

ပုံမွန္အားျဖင့္ေတာ့ ညအခ်ိန္ ႐ိုက္ကူးတဲ့အခါ ေနာက္ခံ အလင္းေရာင္ေတြက အေရွ႕က အဓိကပုံရိပ္ကို ထိခိုက္ေစပါတယ္။ မ်ားေသာအားျဖင့္ ေနာက္ခံအလင္းေရာင္ေတြေၾကာင့္ ေရွ႕ကပုံရိပ္ဟာ မည္းေနတတ္ပါတယ္။ Google ရဲ႕ Night Sight Feature သုံးရင္ေတာ့ ေနာက္ခံအလင္းေရာင္ေရာ၊ အေရွ႕ကအဓိက ပုံရိပ္ပါ ေကာင္းမြန္ထင္ရွားစြာနဲ႔ ႐ိုက္ကူးရယူႏိုင္တယ္လို႔ Google က ေၾကာ္ျငာထားတာပါ။

Feature တစ္ခု၊ အားသာခ်က္တစ္ခုကို ေၾကာ္ျငာတာ အဆန္းေတာ့မဟုတ္ပါဘူး။ ဒါေပမယ့္ Google က iPhone XS နဲ႔ Pixel 3 ဆိုၿပီး ဓါတ္ပုံႏွစ္ပုံကို ယွဥ္ျပၿပီး Twitter မွာ ထိုးႏွက္သြားတာပါ။ ဒီပုံကို စၿပီးျဖန႔္တာကလည္း Google ရဲ႕ VP of Product Marketing ျဖစ္တဲ့ Marvin Chow ျဖစ္ေနေတာ့ အေတာ္ေလးကို ပြဲဆူသြားတယ္လို႔ ဆိုရမွာပါ။

ပုံႏွစ္ပုံကို ယွဥ္ျပတဲ့ေနရာမွာ Phone X လို႔ ေခါင္းစဥ္တပ္ေပးထားေပမယ့္ ေသခ်ာၾကည့္ရင္ေတာ့ ေအာက္ေျခမွာ Image shot on iPhone XS. ဆိုတဲ့ စာတန္း အေသးေလးကို ေတြ႕ရပါလိမ့္မယ္။ ကင္မရာပိုင္းမွာေတာ့ Pixel ေတြဟာ အေတာ္ေလးကို နာမည္ေကာင္းရထားတယ္ဆိုတာ ျငင္းလို႔မရပါဘူး။

Low-light enhancement feature က Google Pixel တစ္ခုတည္းမွာ ရရွိတာမဟုတ္ပါဘူး။ ဥပမာအားျဖင့္ OnePlus 6T နဲ႔ OnePlus 6 မွာလည္း Nightscape ဆိုၿပီး အလားတူ Feature သုံးႏိုင္ပါတယ္။ ဒါေပမယ့္ Google ကေတာ့ ပြဲဆူေအာင္ လုပ္လိုက္တာပါ။ ဒါေၾကာင့္ Apple ဘက္ကလည္း iPhone ရဲ႕ အားသာခ်က္သုံးၿပီး ဘယ္လိုျပန္လည္တုံ႔ျပန္မလဲ ဆိုတာကို ေစာင့္ၾကည့္ရပါေတာ့မယ္။

Ref: 9To5Google

[Unicode]

Pixel 3 ရဲ့ Night Sight Feature ဟာ iPhone X မှာ မရှိဘူးလို့ ထိုးနှက်လိုက်တဲ့ Google

Google ဟာ Pixel ဖုန်းတွေအတွက် ထောက်ပံ့ပေးထားတဲ့ Night Sight Feature ကိုအသုံးချပြီး iPhone တွေကို ယှဉ်ပြိုင်ဖို့ ခြေလှမ်းတွေစတင်နေပြီ ဖြစ်ပါတယ်။ Night Sight Feature ရဲ့ အားသာချက်ကတော့ ညဘက်အမှောင်ထဲမှာ ဓါတ်ပုံရိုက်ရင် Flash ဖွင့်စရာမလိုဘဲ သဘာဝအလင်းရောင်နဲ့ ကြည်လင်ပြတ်သားစွာ ရိုက်ကူးနိုင်တာပါ။ နေ့ဘက်ရိုက်ရင်လည်း အမှောင်ရိပ်ကျတဲ့နေရာတွေကို အလိုအလျောက် အလင်းရောင်ဖြည့်တင်း ချိန်ညှိပေးပါတယ်။

ပုံမှန်အားဖြင့်တော့ ညအချိန် ရိုက်ကူးတဲ့အခါ နောက်ခံ အလင်းရောင်တွေက အရှေ့က အဓိကပုံရိပ်ကို ထိခိုက်စေပါတယ်။ များသောအားဖြင့် နောက်ခံအလင်းရောင်တွေကြောင့် ရှေ့ကပုံရိပ်ဟာ မည်းနေတတ်ပါတယ်။ Google ရဲ့ Night Sight Feature သုံးရင်တော့ နောက်ခံအလင်းရောင်ရော၊ အရှေ့ကအဓိက ပုံရိပ်ပါ ကောင်းမွန်ထင်ရှားစွာနဲ့ ရိုက်ကူးရယူနိုင်တယ်လို့ Google က ကြော်ငြာထားတာပါ။

Feature တစ်ခု၊ အားသာချက်တစ်ခုကို ကြော်ငြာတာ အဆန်းတော့မဟုတ်ပါဘူး။ ဒါပေမယ့် Google က iPhone XS နဲ့ Pixel 3 ဆိုပြီး ဓါတ်ပုံနှစ်ပုံကို ယှဉ်ပြပြီး Twitter မှာ ထိုးနှက်သွားတာပါ။ ဒီပုံကို စပြီးဖြန့်တာကလည်း Google ရဲ့ VP of Product Marketing ဖြစ်တဲ့ Marvin Chow ဖြစ်နေတော့ အတော်လေးကို ပွဲဆူသွားတယ်လို့ ဆိုရမှာပါ။

ပုံနှစ်ပုံကို ယှဉ်ပြတဲ့နေရာမှာ Phone X လို့ ခေါင်းစဉ်တပ်ပေးထားပေမယ့် သေချာကြည့်ရင်တော့ အောက်ခြေမှာ Image shot on iPhone XS. ဆိုတဲ့ စာတန်း အသေးလေးကို တွေ့ရပါလိမ့်မယ်။ ကင်မရာပိုင်းမှာတော့ Pixel တွေဟာ အတော်လေးကို နာမည်ကောင်းရထားတယ်ဆိုတာ ငြင်းလို့မရပါဘူး။

Low-light enhancement feature က Google Pixel တစ်ခုတည်းမှာ ရရှိတာမဟုတ်ပါဘူး။ ဥပမာအားဖြင့် OnePlus 6T နဲ့ OnePlus 6 မှာလည်း Nightscape ဆိုပြီး အလားတူ Feature သုံးနိုင်ပါတယ်။ ဒါပေမယ့် Google ကတော့ ပွဲဆူအောင် လုပ်လိုက်တာပါ။ ဒါကြောင့် Apple ဘက်ကလည်း iPhone ရဲ့ အားသာချက်သုံးပြီး ဘယ်လိုပြန်လည်တုံ့ပြန်မလဲ ဆိုတာကို စောင့်ကြည့်ရပါတော့မယ်။

Ref: 9To5Google