Google က 2nd Generation Pixel Stand Wireless Charger ကို ကြေညာလိုက်ပြီး ကုမ္ပဏီရဲ့ အွန်လိုင်း စတိုးကနေ ရောင်းချပေးလိုက်ပါပြီ။ ၇၉ ဒေါ်လာ သတ်မှတ်ထားပြီး လက်ရှိပေါက်ဈေးအရ မြန်မာငွေနဲ့တွက်ရင် ၁ သိန်းခွဲလောက် ကျသင့်မှာ ဖြစ်ပါတယ်။

Google's Pixel Stand (2nd gen) charges Pixels faster than other phones, costs $79/€79

Google Pixel Stand အသစ်ဟာ Qi Wireless Charger ဖြစ်ပြီး Pixel 6 နဲ့ 6 Pro ကို 23W အမြန်နှုန်းနဲ့ ကြိုးမဲ့အားသွင်းပေးနိုင်ပါတယ်။ ဒါပေမယ့် Qi စံနှုန်းပါတဲ့ တခြား စမတ်ဖုန်းတွေကိုတော့ 15W အမြန်နှုန်းနဲ့ပဲ ကြိုးမဲ့အားသွင်းပေးနိုင်ပါတယ်။ Cooling Fan ၁ လုံး တပ်ဆင်ထားပြီး Google က အသံလုံးဝ မထွက်ဘူးလို့ ပြောပါတယ်။

Pixel Stand (2nd Gen) - Google Store

Google က 30W USB-C Charger ၁ ခုနဲ့ 1.5m USB-C Cable ၁ ခုကို Pixel Stand 2nd Generation အတွက် ထည့်သွင်းပေးထားပြီး Stand ရဲ့ အလေးချိန်ဟာ ၇၁ ဂရမ်ပဲရှိတဲ့အတွက် ပေါ့ပါးပါတယ်။ Stand ကို Recycled TPU ၊ ပလတ်စတစ်တွေနဲ့ တည်ဆောက်ထားတာ ဖြစ်ပါတယ်။

Pixel Stand 2nd Generation မှာ Pixel 6 ကို ဒေါင်လိုက် တပ်ဆင်ကာ အားသွင်းရမှာ ဖြစ်တဲ့အတွက် စမတ်ဖုန်းကို ကြည့်ရင် အဆင်ပြေစေသလို Nest Smart Home Device တွေကို ထိန်းချုပ်ရတာ ပိုကောင်းပါတယ်။

Ref : gsmarena