Google ရဲ့ Phone (Dialer) App ကို ဧပြီလမှာ Google Devices မဟုတ်တဲ့ ဖုန်းတွေမှာ ပိုမို အသုံးပြုလို့ရခဲ့ပါတယ်။ အခုတော့ Android Police က Phone App ကို စမတ်ဖုန်း Brand များစွာမှာ အင်စတောလုပ်နိုင်ပြီလို့ ပြောပါတယ်။ အဲဒီ App ဟာ Samsung နဲ့ OnePlus Devices တွေမှာ အလုပ်လုပ်တယ်လို့ Android Police က ပြောပြီး OnePlus 8 Pro မှာလည်း သုံးလို့ရကြောင်း Gsmarena က ရေးသားထားပါတယ်။

Gsmarena က ကွန်ပြူတာကနေ App’s Beta Program မှာ စာရင်းပေးသွင်းတဲ့ နည်းနဲ့လည်း အင်စတောလုပ်နိုင်တယ်လို့ ပြောပါတယ်။ ကွန်ပြူတာသုံးပြီး Play Store ကနေ အင်စတောလုပ်တာ အိုကေသွားတယ်လို့ သိရပါတယ်။ Phone App ကို Play Store မှာ ရှာလို့ မလွယ်ကူဘဲ ဒီလင့် ကနေ အင်စတောလုပ်နိုင်ပါတယ်။

ဒါပေမယ့် Google Pixel ရဲ့ အကောင်းဆုံး လုပ်ဆောင်ချက် ဖြစ်တဲ့ Call Screening ကို အမေရိကန်က Pixel ဖုန်းတွေကလွဲပြီး တခြား ဖုန်းတွေမှာ သုံးလို့ မရသေးပါဘူး။ Spam Call တွေများတဲ့ ဒီနေ့ခေတ်မှာ ဒီလုပ်ဆောင်ချက်ဟာ အရမ်း အသုံးဝင်တဲ့အတွက် Google က အနာဂတ်မှာ ဒီလုပ်ဆောင်ချက်ကို တခြား ဖုန်းတွေမှာ သုံးလို့ရအောင် ပြုလုပ်ပေးမယ်လို့ ထင်ပါတယ်။

အဲဒီ App ဟာ Beta အဆင့်ပဲရှိသေးတဲ့အတွက် Bugs တွေ ပါလာတတ်ပြီး Beta Program ကို နိုင်ငံတကာမှာ Join လို့ မရပါဘူး။

Ref : gsmarena