Google ဟာ ယခုနှစ်မှာ Pixel 6 Series ဖုန်းတွေကို ရောင်းချသွားမှာဖြစ်ပြီး ပြီးခဲ့တဲ့လပိုင်းတုန်းက Design နဲ့ Specification အချို့ကို မိတ်ဆက်ခဲ့ပြီးဖြစ်ပါတယ်။ အဆိုပါ Pixel 6 Series ဖုန်းတွေဟာ Google အတွက် ပထမဆုံးအနေနဲ့ ကိုယ်ပိုင် Google Tensor Chip ကို အသုံးပြုလာမယ့် ဖုန်းတွေလည်းဖြစ်ပါတယ်။

အခုဆိုရင် Google ကိုယ်တိုင်ကနေ Pixel 6 ဖုန်းတွေကို စတင်ပြီးကြော်ငြာတွေပြုလုပ်နေပြီဖြစ်သလို မကြာခင်မှာ တရားဝင်မိတ်ဆက်သွားဖို့ နီးစပ်နေပြီလို့ ယူဆရပါတယ်။ လောလောဆယ်မှာ Pixel 6 Series နဲ့ ပတ်သက်တဲ့ Specification တွေပေါက်ကြားနေပြီဖြစ်ပြီး နောက်ဆုံးအနေနဲ့ Display နဲ့ပတ်သက်တဲ့သတင်းတစ်ခုကထွက်ရှိလာပြီဖြစ်ပါတယ်။

ဒါကတော့ Google Pixel 6 Pro ဖုန်းမှာ အသုံးပြုလာမယ့် Display အကြောင်းအသေးစိတ်သတင်းထွက်ပေါ်လာတာဖြစ်ပြီး Pixel 6 Pro မှာ Samsung ကနေ ထုတ်ပေးထားတဲ့ LTPO နည်းပညာသုံး OLED Display ကို အသုံးပြုထားမှာဖြစ်ပါတယ်။ ဒါကိုမှ လက်ရှိ iQOO 8 Series ဖုန်းတွေမှာပဲ အသုံးပြုထားသေးတဲ့ Quality ပိုင်းမှာ အကောင်းဆုံး E5 LTPO OLED Display Panel ကို အသုံးပြုပေးထားတာပါ။

အဲ့ဒီအတွက် Google Pixel 6 Pro ဟာ 120Hz Refresh Rate ကိုမှ 10Hz ကနေ 120Hz အတွင်း အသုံးပြုမှုပေါ်မှုတည်ပြီး Dynamic အနေနဲ့ ပြောင်းလဲသွားပေးမှာဖြစ်ပါတယ်။ Resolution အနေနဲ့ကလည်း QuadHD+ အထိရှိမှာဖြစ်တာကြောင့် အရည်အသွေးအကောင်းဆုံးဖြစ်နေစေမှာပါ။

Google Pixel 6 Pro ဟာ Google ရဲ့ ကိုယ်ပိုင် Tensor Chip အပါအဝင် RAM 12GB ၊ 5000mAh Battery တွေပါဝင်မှာဖြစ်ပါတယ်။ Design ပိုင်းကိုလည်း ယခင် Pixel ဖုန်းတွေနဲ့မတူအောင် ပြုလုပ်ထားပါတယ်။

Ref – XDA-Developer