Google က Pixel စမတ်ဖုန်းတွေအတွက် ဇူလိုင်လ Security Patch ကို ဖြန့်ချိပေးလိုက်ပါပြီ။ Security Patch မှာ လုံခြုံရေး ပြင်ဆင်မှုတွေ ပြုလုပ်ထားတဲ့အတွက် Pixel စမတ်ဖုန်း ကိုင်ထားသူတွေ ပိုလုံခြုံသွားပါတယ်။

ထုံးစံအတိုင်းပဲ Google က တစ်ကမ္ဘာလုံးအတွက် တစ်ဆင့်ချင်း ဖြန့်ချိတဲ့အတွက် ရက်အနည်းငယ် သို့မဟုတ် ရက်သတ္တပတ် အနည်းငယ်စောင့်ဆိုင်းရမှာ ဖြစ်ပါတယ်။ Security Patch ရဲ့ Build Number ဟာ QQ3A.200705.002 ဖြစ်ပါတယ်။


Samsung ကလည်း စွမ်းရည်မြင့် Galaxy S20 Series တွေအတွက် ဇူလိုင်လ Security Patch ကို ဖြန့်ချိပေးနေပြီး လာမယ့် ရက်ပိုင်းအတွင်းမှာ နိုင်ငံတချို့မှာ ရကြမှာပါ။ အမေရိကန်မှာတော့ Build Number ဟာ G98xU1UES1ATFB ဖြစ်ပြီး S20 Series အပေါ် မူတည်ကာ x က အပြောင်းအလဲ ရှိမှာပါ။ ဥရောပမှာတော့ G98xxXXU3ATFG အနေနဲ့ ထုတ်ပေးထားပြီး xx ဟာလည်း မော်ဒယ် အပေါ်မူတည်ကာ ပြောင်းလဲမှာပါ။

အမေရိကန် မော်ဒယ်တွေအတွက် Changelog မထွက်လာသေးပေမယ့် ဥရောပက Exynos Device တွေအတွက် Security Patch အပြင် ကင်မရာ စွမ်းဆောင်ရည် ပိုကောင်းလာမှာပါ။

Ref : gsmarena