လက်ရှိအချိန်မှာ TikTok ဟာ အအောင်မြင်ဆုံး Video Platform တစ်ခုလို့တောင် ပြောနိုင်ပါတယ်။ ဒါပေမယ့်လည်း TikTok ဟာ တရုတ်နိုင်ငံနဲ့ ဆက်စပ်မှုတွေရှိနေတဲ့အတွက် နောက်ပိုင်းမှာ ဝေဖန်မှုတွေခံခဲ့ရပါတယ်။

အဲ့ဒီအတွက် YouTube ကနေ TikTok ကို ယှဥ်ပြိုင်ဖို့အတွက် YouTube Shorts နာမည်နဲ့ Feature တစ်ခုကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာလတုန်းက မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ US ၊ UK ၊ Canada အပါအဝင်နိုင်ငံပေါင်း ၂၆ နိုင်ငံအထိ တိုးချဲ့လာပြီး အောင်မြင်မှုရရှိလာတယ်လို့တောင် ပြောနိုင်ပါတယ်။

အခုအချိန်မှာတော့ YouTube ကနေ အဆိုပါ YouTube Shorts ကို တကမ္ဘာလုံးအတွက် တရားဝင်မိတ်ဆက်ပေးလိုက်ပြီဖြစ်ပါတယ်။ အဲ့ဒီအတွက် Android ပဲဖြစ်ဖြစ်၊ iOS ပဲဖြစ်ဖြစ် YouTube App ထဲမှာ Shorts ဆိုတဲ့ Section အသစ်တစ်ခုပါလာပြီး စိတ်ကြိုက်ကြည့်ရှုနိုင်တော့မှာဖြစ်ပါတယ်။ တကယ်လို့ YouTube Shorts ထဲမှာ Video တွေ Upload ပြုလုပ်ချင်တယ်ဆိုရင်လည်း အများဆုံး စက္ကန့် ၆၀ အထိ စိတ်ကြိုက် Clip တွေကို Edit ပြုလုပ်ပြီး အသုံးပြုနိုင်မှာပါ။

YouTube Shorts ကို အသုံးပြုသင့်တဲ့အားသာချက်ကတော့ Background Music တွေပဲဖြစ်ဖြစ် လက်ရှိအချိန်မှာတောင် Music Label နဲ့ Publisher ပေါင်း ၂၅၀ ကျော်ဆီက သီချင်းတွေကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ နောက်ပိုင်းမှာ ကိုယ့်စိတ်ကြိုက် YouTube Video တွေကနေ သီချင်းတွေကိုပါ အသုံးပြုနိုင်ဦးမယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် သင်က TikTok ကို အသုံးပြုရတာကြိုက်နှစ်သက်တယ်ဆိုရင် ကျိန်းသေပေါက် YouTube Shorts ဟာလည်း စမ်းသပ်အသုံးပြုကြည့်သင့်ပါတယ်။ လက်ရှိမှာ မြန်မာနိုင်ငံအတွင်း အသုံးပြုသူနည်းပါးသေးတယ်ဆိုပေမယ့် မကြာခင်အချိန်အတွင်းမှာ အောင်မြင်မှုရရှိလာဖွယ်ရှိနေပါတယ်။

Ref – Android Central