Messaging App တွေမှာ Video call အသုံးပြုနိုင်တာ အထူးအဆန်းမဟုတ်သလို Telegram မှာ Video call အသုံးပြုလို့ရတာလည်း ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် သြဂုတ်လကတည်းကပါ။ ဒါပေမဲ့ Group video call က တော့ ဆယ်လနီးပါးကြာချိန်မှ ရလာတာလည်း ဖြစ်ပါတယ်။

Telegram ဟာ ဒီလအစောပိုင်းမှာ Group Video call အတွက် Beta စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ Telegram 7.8 မှာ Public release ပြုလုပ်လိုက်တာလည်း ဖြစ်ပါတယ်။ Group voice chat ထဲမှာပါဝင်တဲ့ ဘယ်သူမဆို ဗီဒီယိုရိုက်ကူးလွှင့်တင်တာ၊ ဒါမှမဟုတ် သူတို့ရဲ့ Screen ကို Share တာတွေ ပြုလုပ်နိုင်ပါပြီ။

Group Video call အတွက် Group ထဲရှိနေချိန်မှာ (⋮) button ကို နှိပ်လိုက်ရင် စတင်လို့ရပြီ ဖြစ်ပါတယ်။ အဲဒီနေရာမှာ Recording နဲ့ Screen sharing ကြိုက်နှစ်သက်ရာကို ရွေးချယ်နိုင်ပါတယ်။ ဒီ Features ကို ဘယ် Group မှာမဆို အသုံးပြုနိုင်ပေမယ့် အခုလောလောဆယ်မှာတော့ ပထမဆုံးအသုံးပြုသူ အယောက် ၃၀ ကပဲ ဗီဒီယိုအတွက် အသုံးပြုနိုင်ဦးမှာဖြစ်တယ်လို့ သိရပါတယ်။ ကျန်တဲ့အသုံးပြုသူတွေကတော့ Audio ပဲ သုံးလို့ရမှာပါ။

Screen Sharing အတွက်ကတော့ Screen share လုပ်ရုံပဲဖြစ်ဖြစ် Video feed လုပ်တာပဲဖြစ်ဖြစ် ရွေးချယ်နိုင်ပါတယ်။ အခြားလုပ်ဆောင်ချက်ကတော့ Message ပို့လိုက်တဲ့အခါ အရောင်တွေ ပြောင်းလဲသွားတာမျိုး ဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်ကို အသုံးပြုဖို့အတွက် Appearance settings ကိုသွားပြီး Background menu ထဲမှာ ရွေးချယ်ပြုပြင်ရမှာ ဖြစ်ပါတယ်။

Ref: Android Police