Pwn2Own Hacking Event မှာ Hacker တွေက Tesla ကားကို Hack ကာ ဆုကြေးငွေ ဒေါ်လာ ၁ သိန်းနဲ့ Tesla Model 3 ကို ရသွားပါတယ်။ လျှပ်စစ်ကားတွေမှာ ဆော့ဖ်ဝဲတွေ ထည့်သွင်းထားကြတဲ့အတွက် လုံခြုံရေးဟာကွက်တွေ ပါလာနိုင်ပါတယ်။

Hackers Hacked Tesla

Hacker တွေက အဲဒီ လုံခြုံရေးဟာကွက် ကနေ ကားကို ခိုးယူသွားနိုင်သလို ငွေညှစ်တာတွေပါ ပြုလုပ်နိုင်ပါတယ်။ ဒါ့အပြင် Hacker တွေက ကုမ္ပဏီရဲ့ ဒေတာ ဆာဗာတွေကိုပါ တိုက်ခိုက်နိုင်ပါတယ်။

Hackers take Remote Control of Tesla's Brakes and Door locks from 12 Miles Away

Hacking ပြိုင်ပွဲ ၁ ခုမှာ Hacker အုပ်စု ၁ ခုက Tesla Model 3 ကို Hack ကာ ဆုကြေးငွေ ဒေါ်လာ ၁ သိန်းကို ရသွားပါတယ်။ Hacker အုပ်စု Synactiv ဟာ Pwn2Own Hacking ပြိုင်ပွဲမှာ အနိုင်ရသွားပြီး ကားကို ထိန်းချုပ်နိုင်ဖို့ TOCTOU ကို အသုံးပြုခဲ့ကြပါတယ်။ Tesla က အဲဒီ လုံခြုံရေးဟာကွက်ကို ဖာထေးနိုင်တဲ့ နည်းလမ်းကို မတွေ့သေးခင် အဲဒီ လုံခြုံရေးဟာကွက်အကြောင်း ထုတ်ဖော်မပြောဖို့ Hacker တွေကို တောင်းဆိုထားပါတယ်။

Synactiv ဟာ Internal Files တွေကို ပြင်ဆင်ဖို့ Time Of Check Time Of Use (TOCTOU) နည်းလမ်းကို အသုံးပြုခဲ့ပါတယ်။

Pwn2Own ဟာ နာမည်ကြီး Hacking Event ဖြစ်ပြီး တစ်ကမ္ဘာလုံးက Hacker တွေဟာ ဆုကြေးအတွက် ဝင်ရောက်ယှဉ်ပြိုင်ကြပါတယ်။ ပွဲမှာ Hacker တွေဟာ နာမည်ကြီး ဆော့ဖ်ဝဲတွေကို Hack ကြတာ ဖြစ်ပါတယ်။ အရင်ဆုံး Hack နိုင်တဲ့ အဖွဲ့ဟာ အနိုင်ရရှိကြတာ ဖြစ်ပါတယ်။

Ref : gizchina