လုံခြုံရေး သုတေသန အဖွဲ့အစည်း ၁ ခုက Hackers တွေဟာ ကိုရိုနာဗိုင်းရက်စ်ကို အသုံးချပြီး အီးမေးကနေ Malware တွေ ဖြန့်ချိနေတယ်လို့ ပြောပါတယ်။ IBM X-Force Threat Intelligence က Hackers တွေဟာ ဂျပန်မှာ  Spam အီးမေးတွေကို ပေးပို့နေတာကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ အီးမေးမှာ ကိုရိုနာဗိုင်းရက်စ်ဟာ အဲဒီနိုင်ငံမှာ ကူးစက်နေပြီး သတင်းအချက်အလက် အပြည့်အစုံကို ဖတ်ဖို့ Attach လုပ်ထားတဲ့ Microsoft Word ဖိုင်ကို ဖွင့်ပါလို့ ရေးသားထားပါတယ်။

အဲဒီဖိုင်ကို ဖွင့်ရင် ကွန်ပြူတာထဲကို Emotet Malware ထည့်သွင်းလိုက်မှာ ဖြစ်ပြီး Hackers တွေဟာ ကွန်ပြူတာက အရေးကြီး သတင်းအချက်အလက်တွေ ခိုးယူတာ၊ Ransomware နဲ့ ငွေညှစ်တာတွေ ပြုလုပ်နိုင်ပါတယ်။

IBM က “  ကိုရိုနာဗိုင်းရက်စ်ကို လူတွေ ကြောက်နေကြတဲ့အတွက် ဒီနည်းနဲ့ Emotet ထည့်သွင်းတာဟာ တော်တော် အောင်မြင်နိုင်ခြေရှိပါတယ်။ ဒီနည်းကိုပဲသုံးပြီး အီးမေးမှာ တခြား ဘာသာစကားတွေနဲ့ ပေးပို့နိုင်ပါတယ်။ “ လို့ ပြောပါတယ်။

Hackers တွေဟာ အရင်ကတော့ ခရစ်စမတ်၊ သရဲကြီးညလို ပွဲတော်တွေအတွက် ဖိတ်စာတွေကို အီးမေးကနေ ပေးပို့ပြီး Emotet ကို ထည့်သွင်းလေ့ရှိကြတယ်လို့ Bleeping Computer က ပြောပါတယ်။ အခုတော့ Hackers တွေဟာ ကမ္ဘာအဝန်းမှာ လူပေါင်း ၃၀၀ ကျော်ကို သေစေခဲ့ပြီး လူပေါင်း ၁၄,၀၀၀ ကျော်ကို ကူးစက်စေတဲ့ ကိုရိုနာဗိုင်းရက်စ်ကို အသုံးချနေကြပါတယ်။

Ref : digitaltrends