အိမ်တိုင်းလိုလိုမှာ ဆံပင်အခြောက်ခံစက် ရှိတတ်ကြပါတယ်။ ခေါင်းလျှော်ပြီးလို့ ဆံပင်ခြောက်အောင် လုပ်ရုံမကဘဲ တခြားနေရာတွေမှာပါ သုံးလို့ရပါသေးတယ်။

1. သင့်ရဲ့ကား ပရိဘောဂ နဲ့ ပြတင်းပေါက် ဘောင်တွေပေါ်က ကပ်ခွာတွေကို Dryer နဲ့မှုတ်ပေးပြီး အလွယ်တကူခွာနိုင်ပါတယ်။

2. မီးပူမရှိတဲ့အခါမျိုးမှာ တွန့်ကျေနေတဲ့ အဝတ်အစားတွေကို ပြန့်စေဖို့ Dryer နဲ့မှုတ်ပြီး လက်နဲ့ဖိချပေးခြင်းဖြင့် သပ်ရပ်စေပါတယ်။

3. သင်စားမယ့်အစားအစာက အနည်းငယ် အေးစက်စက်ဖြစ်နေပြီဆိုရင် Dryer မှုတ်ပေးပြီး နွှေးနိုင်ပါတယ်။

4. သင့်ရှူးဖိနပ်ထိပ်တွေက ကျပ်နေပြီဆိုရင် ဖိနပ်ထိပ်ထဲကို Dryer နဲ့မှုတ်ပေးပါ။ ချောင်သွားတာကို တွေ့ရပါလိမ့်မယ်။

5. သင့် Computer Keyboard ကို Dryer နဲ့မှုတ်ပေးလိုက်ရင် Key တွေကြားက ဖုန်တွေ အလွယ်တကူ လွင့်သွားမှာပါ။

6. ကိတ်မုန့်ဖုတ်တဲ့နေရာမှာ Cream အပေါ်ကနေ Dryer နဲ့မှုတ်ပေးရင် ပိုမိုလှပတဲ့ ကိတ်မုန့်တစ်လုံး ရရှိစေမှာ ဖြစ်ပါတယ်။