[Zawgyi]

ေမလမွာ အေမရိကန္က Huawei ကို နာမည္ပ်က္စာရင္းထဲ ထည့္ခဲ့တဲ့အတြက္ ကာလရွည္ၾကာ ေဖာက္သည္ေတြ ျဖစ္ခဲ့တဲ့ အေမရိကန္ ကုမၸဏီေတြရဲ႕ ထုတ္ကုန္ေတြကို အသံုးျပဳလို႔ မရေတာ့ပါဘူး။ စမတ္ဖုန္း လုပ္ငန္း အျပင္ Huawei ရဲ႕ ဆက္သြယ္ေရး အစိတ္အပိုင္း လုပ္ငန္းကိုလည္း ထိခိုက္ခဲ့ပါတယ္။ ဘာ့ေၾကာင့္လဲ ဆိုေတာ့ Huawei ဟာ ဆက္သြယ္ေရး အစိတ္အပိုင္း ထုတ္လုပ္တဲ့ အႀကီးမားဆံုး ကုမၸဏီ ျဖစ္သလို 5G အစိတ္အပိုင္း ထုတ္လုပ္မႈမွာလည္း ထိပ္တန္းေရာက္ေနလို႔ ျဖစ္ပါတယ္။ ကုမၸဏီက 5G Base Stations ေပါင္း ၂၀၀,၀၀၀ ေက်ာ္ကို ေရာင္းခ်ၿပီးၿပီလို႔ စက္တင္ဘာလ အေစာပိုင္းက ေၾကညာခဲ့ပါတယ္။ ကမာၻအ၀န္းမွာ 5G ကြန္ရက္ တည္ေဆာက္ေပးဖို႔ စာခ်ဳပ္ ၅၀ ေက်ာ္ကိုလည္း ရရွိထားၿပီးၿပီလို႔ ေျပာထားပါတယ္။

ဒါ့အျပင္ Huawei ဟာ ေနာက္ထုတ္မယ့္ သူ႔ရဲ႕ စမတ္ဖုန္းေတြမွာ Google Services ကိုလည္း သံုးလို႔ မရေတာ့ပါဘူး။ ဒါေပမယ့္ အေမရိကန္ရဲ႕ စီးပြားေရး ပိတ္ဆို႔ခံရအၿပီး ရက္သတၱပတ္ အနည္းငယ္အၾကာမွာ Huawei က ၂၀၁၂ ခုႏွစ္ကတည္းက ကိုယ္ပိုင္ OS ၁ ခုကို လွ်ိဳ႕၀ွက္စြာ ဖန္တီးေနတယ္လို႔ သတင္းေပးလိုက္ပါတယ္။ အဲဒီ OS ရဲ႕ နာမည္က HarmonyOS ျဖစ္ၿပီး ဒီႏွစ္ကုန္ထုတ္မယ့္ စမတ္ဖုန္းေတြမွာ စတင္ ထည့္သြင္းထားမယ္လို႔ သတင္းထြက္ေနပါတယ္။  မၾကာခင္က ေၾကညာခဲ့တဲ့ Honor Vision TV မွာ HarmonyOS ကို အေစာဆံုး ထည့္သြင္းေပးခဲ့ပါတယ္။

စက္တင္ဘာလမွာ Huawei CEO Ren Zhengfei ဟာ Fortune Magazine နဲ႔ အင္တာဗ်ဴးခဲ့ၿပီး သူက ကုမၸဏီရဲ႕ ကိုယ္ပိုင္ HarmonyOS ဟာ ၂ ႏွစ္အတြင္းမွာ Apple iOS ကို ယွဥ္ႏုိင္မယ္လို႔ ေျပာခဲ့ပါတယ္။ သူက “ Google ရဲ႕ ထုတ္ကုန္ေတြကို Huawei Smartphone ေတြမွာ သံုးလို႔ မရေတာ့တဲ့အတြက္ ေရာင္းအား ေဒၚလာ ၁၀ ဘီလီယမ္ေလာက္ က်ဆင္းသြားမယ္လို႔ ခန္႔မွန္းထားပါတယ္။ ဒါေပမယ့္ ၂၀၁၉ ခုႏွစ္ ပထမႏွစ္၀က္မွာ ၀င္ေငြ ေဒၚလာ ၅၈.၃ ဘီလီယမ္ ရွိခဲ့ၿပီး အရင္ႏွစ္ကထက္ ၂၃.၂ ရာခုိင္ႏႈန္း ပိုမ်ားလာပါတယ္။ “ လို႔ ျဖည့္စြက္ေျပာခ့ဲပါတယ္။

Ref : gizmochina

[Unicode]

HarmonyOS ဟာ ၂ နှစ်အတွင်းမှာ Apple iOS ကို ယှဉ်နိုင်မယ်လို့ Huawei CEO ပြော

မေလမှာ အမေရိကန်က Huawei ကို နာမည်ပျက်စာရင်းထဲ ထည့်ခဲ့တဲ့အတွက် ကာလရှည်ကြာ ဖောက်သည်တွေ ဖြစ်ခဲ့တဲ့ အမေရိကန် ကုမ္ပဏီတွေရဲ့ ထုတ်ကုန်တွေကို အသုံးပြုလို့ မရတော့ပါဘူး။ စမတ်ဖုန်း လုပ်ငန်း အပြင် Huawei ရဲ့ ဆက်သွယ်ရေး အစိတ်အပိုင်း လုပ်ငန်းကိုလည်း ထိခိုက်ခဲ့ပါတယ်။ ဘာ့ကြောင့်လဲ ဆိုတော့ Huawei ဟာ ဆက်သွယ်ရေး အစိတ်အပိုင်း ထုတ်လုပ်တဲ့ အကြီးမားဆုံး ကုမ္ပဏီ ဖြစ်သလို 5G အစိတ်အပိုင်း ထုတ်လုပ်မှုမှာလည်း ထိပ်တန်းရောက်နေလို့ ဖြစ်ပါတယ်။ ကုမ္ပဏီက 5G Base Stations ပေါင်း ၂၀၀,၀၀၀ ကျော်ကို ရောင်းချပြီးပြီလို့ စက်တင်ဘာလ အစောပိုင်းက ကြေညာခဲ့ပါတယ်။ ကမ္ဘာအဝန်းမှာ 5G ကွန်ရက် တည်ဆောက်ပေးဖို့ စာချုပ် ၅၀ ကျော်ကိုလည်း ရရှိထားပြီးပြီလို့ ပြောထားပါတယ်။

ဒါ့အပြင် Huawei ဟာ နောက်ထုတ်မယ့် သူ့ရဲ့ စမတ်ဖုန်းတွေမှာ Google Services ကိုလည်း သုံးလို့ မရတော့ပါဘူး။ ဒါပေမယ့် အမေရိကန်ရဲ့ စီးပွားရေး ပိတ်ဆို့ခံရအပြီး ရက်သတ္တပတ် အနည်းငယ်အကြာမှာ Huawei က ၂၀၁၂ ခုနှစ်ကတည်းက ကိုယ်ပိုင် OS ၁ ခုကို လျှို့ဝှက်စွာ ဖန်တီးနေတယ်လို့ သတင်းပေးလိုက်ပါတယ်။ အဲဒီ OS ရဲ့ နာမည်က HarmonyOS ဖြစ်ပြီး ဒီနှစ်ကုန်ထုတ်မယ့် စမတ်ဖုန်းတွေမှာ စတင် ထည့်သွင်းထားမယ်လို့ သတင်းထွက်နေပါတယ်။ မကြာခင်က ကြေညာခဲ့တဲ့ Honor Vision TV မှာ HarmonyOS ကို အစောဆုံး ထည့်သွင်းပေးခဲ့ပါတယ်။

စက်တင်ဘာလမှာ Huawei CEO Ren Zhengfei ဟာ Fortune Magazine နဲ့ အင်တာဗျူးခဲ့ပြီး သူက ကုမ္ပဏီရဲ့ ကိုယ်ပိုင် HarmonyOS ဟာ ၂ နှစ်အတွင်းမှာ Apple iOS ကို ယှဉ်နိုင်မယ်လို့ ပြောခဲ့ပါတယ်။ သူက “ Google ရဲ့ ထုတ်ကုန်တွေကို Huawei Smartphone တွေမှာ သုံးလို့ မရတော့တဲ့အတွက် ရောင်းအား ဒေါ်လာ ၁၀ ဘီလီယမ်လောက် ကျဆင်းသွားမယ်လို့ ခန့်မှန်းထားပါတယ်။ ဒါပေမယ့် ၂၀၁၉ ခုနှစ် ပထမနှစ်ဝက်မှာ ဝင်ငွေ ဒေါ်လာ ၅၈.၃ ဘီလီယမ် ရှိခဲ့ပြီး အရင်နှစ်ကထက် ၂၃.၂ ရာခိုင်နှုန်း ပိုများလာပါတယ်။ “ လို့ ဖြည့်စွက်ပြောခဲ့ပါတယ်။

Ref : gizmochina